Monday 15 October 2012

အဝလွန်မှုနှင့် နှလုံးရောဂါဖြစ်ပွားမှု ဆလတ်ကိုစားသုံးခြင်းဖြင့် လျှော့ကျနိုင်


ဆလတ်ရွက်ကို သီတင်းအပတ်စဉ်သင့်တင့်မျှတစွာ စားသုံးပေးပါက
အဝလွန်ခြင်းနှင့် နှလုံးရောဂါဖြစ်ပွားမှုများကို လျော့ကျစေကြောင်း
ဗြိတိန်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ သုတေသနပညာရှင်များ၏ သုတေသန

ပြုချက်အသစ်၌ ဖော်ပြ ထားသည်။အစိမ်းရောင်ဆလတ်ရွက်ကို သီတင်း
တစ်ပတ်လျှင် လေးရက်ခန့်စားသုံးပေး ပါက ကျန်းမာရေးကို သိသာစွာ အထောက်အကူပေးကြောင်း ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှုနှင့်
သွေးသန့်စင်မှုများကို စွမ်းဆောင်ပေးနိုင်သည်ဟုဆို၏။

ဆလတ်ရွက်တွင် ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဖောလစ်အက်စစ်များ ပါဝင်
သည်။ ထို့ကြောင့် ခန္ဓာကိုယ်အတွင်း ကိုလက်စထရောများ လျော့နည်း
စေနိုင်ပြီး သွေးလည်ပတ်မှုစနစ်ကိုကောင်းမွန်စေသဖြင့် နှလုံးကျန်းမာရေး
ကို အထောက်အပံ့ ပေး စေသည်။ တစ်ဖန် အမျှင်ဓာတ်များလည်း ပါဝင်
စေသဖြင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုကိုလည်း အထောက်အကူပြုနိုင်သည်။ ခန္ဓာကိုယ်အတွင်း အစာချေဖျက်မှုစနစ်ကိုလည်း ပိုမိုကောင်းမွန်စေသဖြင့် အစာအိမ်ကင်ဆာဖြစ်ပွားမှုကိုလည်း လျော့နည်းစေသည်ဟု ၄င်းတို့၏ သုတေသနပြုချက်တွင် ဖော်ပြထားသည်။

JACBA

By Myanmar Online News

No comments:

Post a Comment