Saturday 1 September 2012

ဟာသလေးတွေပါ (ရယ်မောနိုင်ကြပါစေ)

ဆရာမ။ ။လွပ်လပ်ရေးစာချုပ်ကို ဘယ်မှာလက်မှတ်ရေးထိုးကြတာလဲ?
တပည့်။ ။စာချုပ်ရဲ့ အောက်ဆုံးမှာပါ။

Credit to ကိုပဲလေး




~ ဘယ်သူက သူငယ်ချင်းလဲ

လူကြီးတွေနဲ့ စကားပြောရာမှ စောဒကတက်လေ့ရှိသည့် ကလေးတစ်ယောက်ရှိ၏။ ထိုအခါမျိုးများတွင် သူ့အဖေက...
"မင်းက အဖေလား၊ ငါက အဖေလား"
ဟု ဟောက်တတ်သည်။
အမေလုပ်သူနှင့် စကားပြောရာမှာ အထွန့်တက်မိသဖြင့်...
"မင်းက အမေလား၊ ငါက အမေလား"
ဟု အပြောခံရပြန်သည်။
အစ်ကိုဖြစ်သူနှင့် ကျပြန်တော့လည်း ...
"မင်းက အစ်ကိုလား၊ ငါက အစ်ကိုလား"
ဆိုပြီး အနိုင်ကျင့်ခံရသေးသည်။
တစ်ရက်ကျတော့ ကျောင်းမှာ သူငယ်ချင်းတစ်ယောက်နှင့် ငြင်းကြခုန်ကြရာ ထိုကလေးငယ်က လူကြီးတွေရဲ့လေသံကို အတုယူပြီး ပြောလိုက်သည်။
"မင်းက သူငယ်ချင်းလား၊ ငါက သူငယ်ချင်းလား"

Credit to ကိုပဲလေး



ကြိုတင်ပြင်ဆင်မှု~~

ချူကာကော့ပြည်နယ်၏ မြို့လေးတစ်မြို့ရှိ အိမ်တစ် အိမ်တွင်
မီးလောင်သဖြင့် မီးသတ်ကားများရောက်လာသည်။သို့သော် ရေစုပ်စက် ပျက်နေသည်။ မီးသတ်ပိုက်ကလဲနေရာအနှံ့အပေါက်တွေနဲ့ချည်း ဖြစ်သည်။ထို့ကြောင့် အိမ်ကြီးတစ်အိမ်လုံးပြာကျသွားသည်ကို ဒီအတိုင်း လက်ပိုက်ကြည့်နေလိုက်ကြရသည်။ နောက်တစ်နေ့တွင် မြို့နယ်ကောင်စီရုံးက အရေးပေါ် အစည်းအဝေးတစ်ခုကို ကျင်းပပြီး ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်လေသည်။

“မီးမလောင်မီ တစ်ရက်အလိုတိုင်းတွင် ရေစုပ်စက်နှင့် မီးသတ်ပိုက်များကို စနစ်တကျ စစ်ဆေးရမည်”

Credit to ကိုပဲလေး



ဒေါက်တာဂျက်~~

ဆေးကုမြန်သဖြင့် “ဒေါက်တာဂျက်”ဟု အမည်ပေးခံရသော ဆရာဝန်၏ ဆေးခန်းတွင်ဖြစ်သည်။အခန်းထဲသို့ အဘွားးကြီးတစ်ယောက် ဝင်လာသည်။
“ဒေါက်တာ ၊ ဒေါ်ဒေါ် အသားဝါးလို့ မရဘူးကွယ်”
“အဒေါ့်အသက် ဘယ်လောက်လဲ”
“၉၀ ပါ”
“ဒီအရွယ်ထိ ဝါးခဲ့ပြီးပြီပဲ..၊ကျေနပ်တော့ ၊ နောက်တစ်ယောက်”
ချာတိတ်လေး ဝင်လာသည်။
“ကျွန်တော် ခဲတံ မျိုချလိုက်မိတယ်”
“ဖောင်တိန်နဲ့ရေး ၊ နောက်တစ်ယောက်”
ယောကျာ်းကြီးတစ်ယောက် ဝင်လာသည်။
“ကျွန်တော်နားမကြားဘူး၊ကိုယ့်ဟာကိုယ် လေလည်တာတောင်မကြားရဘူး”
ဒေါက်တာဂျက် သူ့ကို ဆေးပေးလိုက်သည်။လူနာကမေးသည်။
“ဒီဆေးစားရင် ကျွန်တော် နားကောင်းကောင်း ကြားရမလားဟင်”
“ဟင့်အင်း ၊ လေလည်သံ ပိုကျယ်လာမယ်…”

Credit to ကိုပဲလေး



~ အော် ဖြစ်မှဖြစ်ရလေ

မျက်စိဆရာဝန်တစ်ဦးသည် လူနာကို ပါဝါမျက်မှန်တစ်လက်ပြီး တစ်လက်ပြောင်းလဲတပ်ဆင်ကာ စမ်းသပ်နေရာမှ စိတ်ညစ်သံဖြင့် ပြောလိုက်သည်။
ကိုင်း…ရှိသမျှဒီဂရီတွေလည်း ကုန်ပြီ။ အခုထိ ဟိုကစာတွေတစ်လုံးမှ ဖတ်မပြသေးဘူး။
ကျွန်တော်က စာမတတ်ဘူး ဆရာရဲ့။

ကိုပဲလေး

By ဟာသကမ္ဘာ (Funny World)

No comments:

Post a Comment