Monday 15 October 2012

ကမ္ဘာ့ အပေါ့ဆုံး လပ်တော့ ကွန်ပျူတာ


ကမ္ဘာ့ အပေါ့ဆုံး laptop ကွန်ပျူတာအဖြစ် Gigabyte က ကြေညာလိုက်ပြန်ပါတယ်။ အလူမီနီယံ ကိုယ်ထည် နဲ့ ပြုလုပ်ထားပြီး sport car လို့တောင် တင်စားခေါ်ဝေါ်ထားပါတယ်။ Gigabyte X11 အမည်ရ Notebook ရဲ့  Specification များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Operating System

Genunie Windows 7 Home Premium ကိုပဲ အသုံးပြုထားပါတယ်။ အောက်တိုဘာလကုန်ပိုင်း Windows 8 ထွက်ရှိမယ့်အချိန်မှာ ကိုယ်တိုင် Upgrade ပြုလုပ်ရမှာ ဖြစ်ပါတယ်။

CPU
တတိယမျိုးဆက် Intel Core Processors ကိုအသုံးပြုထားပါတယ်။

Display

1366x768 resolution ရှိတဲ့ ၁၁.၆ လက်မအရွယ် screen ဖြစ်ပါတယ်။ ဗီဒီယို graphic ကတော့ Intel HD graphic 4000 အထိ ရှိပါတယ်။

Memory

RAM -4GB DDR3 ဖြစ်ပြီး Storage ကတေ့ 128GB (SSD) ရှိပါတယ်။
Communication Wi-fi ပါရှိပါတယ်။ Bluetooth V4.0 ဗားရှင်း ဖြစ်ပါတယ်။

Webcam
1.3 megapixel ရှိတဲ့ ကင်မရာ အသုံးပြုထားပါတယ်။

ဘက်ထရီ

Li-Polymar အမျိုးအစား ဖြစ်ပြီး 4730mAH အားရှိပါတယ်။

အရွယ်အစား နှင့် အလေးချိန်

၂၉၇ မီလီမီတာ အလျား ၁၉၂ လက်မ မီလီမီတာ အနံ၊ ၁၇ မီလီမီတာ အထူသာ ရှိတဲ့ ခပ်ပါးပါး Notebook ဖြစ်ပါတယ်။ အလေးချိန်က 973gm / 34.3 oz ပဲ ရှိတဲ့အတွက် ကမ္ဘာ့ အပေါ့ဆုံး လပ်တော့ လို့ Gigabyte ကဆိုခြင်း ဖြစ်ပါတယ်။

I/O Port

USB 3.0 တစ်ပေါက်၊ USB 2.0 တစ်ပေါက်၊ Audi Jack, Mini Display ပေါက်၊ Micro SD card slot တို့ ပါဝင်ပါတယ်။

ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၉၉၉ ကနေ ၁၂၉၉ ကြားရှိပြီး မြန်မာပြည်က Gigabyte ဆိုင်ခွဲတွေမှာလည်း မကြာမီရရှိတော့မယ့် Notebook ဖြစ်ပါတယ်။
---
Ref:Gigabyte

By TechSpace Journal
Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/10/blog-post_15.html

No comments:

Post a Comment