Monday 15 October 2012

‎"Apple မှ ၁၃လက်မ Retina Display Macbook Pro ထုတ်လုပ်မည်"


နောက်ဆုံးထွက်ပေါ်နေသော သတင်းများအရ Apple မှ အောက်တိုဘာ ၂၃တွင် Apple Event ကိုကျင်းပမှာ ဖြစ်ကြောင်းသိရပါတယ်။ ထိုပွဲတွင် အစက Apple မှ iPad Mini ကိုမိတ်ဆက်ပွဲထုတ်ရန် အတွက်သာ ကျင်းပခြင်းဖြစ်တယ်လို့ 
သိရသော်လည်း ယခုအခါ ထွက်ပေါ်လာသော သတင်းများအရ Retina Display ပါဝင်သော ၁၃လက်မ Macbook Pro ကိုပါမိတ်ဆက် ပွဲထုတ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ယခုသတင်းကိုတော့ 9to5Mac မှရရှိတာဖြစ်ပြီး 9to5Mac ဟာဆိုရင်ဖြင့် မှန်ကန်သေချာသော သတင်းများကို ပေးနိုင်မှုဖြင့်နာမည်ကြီး သောအဖွဲ့  ဖြစ်ပါတယ်။ ဒါ့အပြင် ယခုထွက်ရှိလာမည့် ၁၃လက်မ Retina Display Macbook Pro သည်ယခင်ထွက်ရှိပြီး ဖြစ်သော Retina Display မပါဝင်သော Macbook Pro များထက်ဈေးအနည်းငယ် ပိုများမှာ ဖြစ်ကြောင်း သိရပါတယ်။ ယခုအသစ်ထွက်ရှိမည့် Macbook Pro တွင် Retina Display မှလွဲ၍ အထဲတွင် ပါဝင်သော Hardware များမှာ အပြောင်းအလဲ မရှိကြောင်း သိရပါတယ်။ ၁၃လက်မ Retina Display Macbook Pro ကို မိမိလိုချင်သော CPU နှင့် Storage ကိုလိုက်၍လည်း ၀ယ်ယူ ရရှိနိုင်မည် ဖြစ်ကြောင်း သိရပါတယ်။

ထို့ ကြောင့် ကျနော်တို့ အနေနဲ့  ဤသတင်းများ အမှန် ဟုတ်မဟုတ် ကိုတော့ အောက်တိုဘာ ၂၃တွင်သာ သိရှိနိုင်မည် ဖြစ်ပါတယ်။

Source : GSMArena

By Info Tech For Myanmar (IT4M)

http://www.facebook.com/techforeveryone009?ref=stream

No comments:

Post a Comment