Tuesday 30 October 2012

အိပ်ဆေး အန္တရာယ်


ညသန်းခေါင်ချိန်ဖြစ်၍ ပတ်ဝန်း ကျင်တစ်ခုလုံးတိတ်ဆိတ်နေ၏။
ကြီးမားလှသော ခရေပင်ကြီးမှ တောင်လေအဝှေ့တွင် ခရေပန်းတို့ တဖြုတ်ဖြုတ် ကြွေကျလာ၏။ ခရေရနံ့က နှာဝသို့ ညင်သာစွာ ရောက်လာ၏။

တိုးညှင်းသော တယောသံက နားဝင်ပီယံဖြစ်ဖွယ်ရာ ထွက်ပေါ်နေ၏။
ခရေပင်အောက်မှ ပိတောက်ချစ်သူ တေးသီချင်းတေးသားအလိုက် ဖြစ်၏။
တယောဆရာသည် အနုပညာ ဈာန်ဝင်နေ၍ အနီးသို့ ချဉ်းကပ်လာသူကို သတိမမူမိချေ။
''ကိုနှင်းမောင်၊ မအိပ်သေးဘူး လား။ ညည့်နက်လှပြီ''
ဒေါက်တာလင်းနိုင်ထွန်းက မေး လိုက်၏။
''ဟာ-ဆရာပါလား။ အိပ် မပျော်ဘူးဆရာ။ အိပ်မရလို့ ထပြီး တယောထိုးနေတာ''
''ဒါဆိုလဲ ကရင်ကြီး လက် ဖက်ရည်ဆိုင် သွားရအောင်။ ကျွန် တော် ဗိုက်ဆာနေတယ်''
''ကောင်းသားပဲဆရာ''
လမ်းထိပ်ရှိ ကရင်ကြီးလက် ဖက်ရည်ဆိုင်က မိုးအလင်းဖွင့်၏။ ခြေလှမ်း သုံးဆယ်လောက် လှမ်းရုံမျှ ဖြင့် နှစ်ဦးသား ရောက်ရှိသွား၏။

ဆိုင်ရှင်ကရင်ကြီးက ချိုကျ နှစ် ခွက်ဖျော်နေ၏။ အကြောင်းသိပြီးသား ဖြစ်၍ အထွေအထူး မမေးတော့ပေ။
''ထိုင်ပါဆရာ။ ခဏနေရင် ရပါပြီ''
''ကျေးဇူးပဲ ကရင်ကြီးရေ''
''ဆရာ့ကို မေးရဦးမယ်။ အိပ် ဆေးနဲ့ ပတ်သက်လို့ ဘာကောင်း လဲဆရာ''
''ကိုနှင်းမောင်က စိတ်ဖိစီးမှု ကြောင့် အိပ်မရတာပါ။ အိပ်ဆေး မလိုပါဘူး။ အိပ်ဆေးကို အရမ်း မသောက်နဲ့။ အန္တရာယ်ရှိတယ်''
''သုတေသန လုပ်ထားလား ဆရာ''
''ကိုနှင်းမောင်က အထောက် အထားရှိမှ ယုံမယ့်လူပဲ။ ဒီလိုဗျ။ BMJ Open ဆိုတဲ့ ဆေးပညာဂျာနယ် မှာ တစ်လောက ဆောင်းပါးတစ်ပုဒ် ပါလာတယ်။ စိတ်ဝင်စားစရာ ကောင်းတယ်။ ယူကေမှာ လူပေါင်း ထောင်ချီပြီး အိပ်ဆေးတွေ သောက် နေကြတယ်။ ဒါဟာ သေဆုံးနှုန်း မြင့်မားတာနဲ့ ဆက်နွယ်နေတယ်။ ဒါကိုဆရာဝန်တွေက သတိပေးထား တယ်''
''ဟုတ်ကဲ့ဆရာ''
''သုတေသနတစ်ခုမှာ လူနာ ပေါင်း တစ်သောင်းကျော်ကို လေ့လာ ထားတယ်။ အဲဒီလူနာတွေက Temazepam လို့ခေါ်တဲ့ အိပ်ဆေး သောက်ကြတဲ့လူနာတွေ။ ဆေး မသောက်တဲ့ တခြား လူနာစုစုပေါင်း ၂၃ဝဝဝ နဲ့နှိုင်းယှဉ်လေ့လာခဲ့ကြ တယ်''
''ဘာတွေ့လဲဆရာ''
''ဆေးသောက်တဲ့ လူနာတွေမှာ သေဆုံးမှုဖြစ်နိုင်ခြေက လေးဆ ပို များနေတာတွေ့ရတယ်။ ဒါပေမယ့် Absolute Risk ကတော့ သိပ်မများ ပါဘူး''
''ဘာပဲဖြစ်ဖြစ် ဆင်ခြင်ရမယ် ပေါ့ဆရာ''
''ဟုတ်တယ်။ သုတေသန ရလဒ်အရ Potential Risk ရှိတယ်ဆို တာသိရတယ်။ သတိထားရမယ် ပေါ့ဗျာ။ လက်လွတ်စပယ် မသောက် သင့်ဘူး။ ပါရဂူတွေက ပြောပါတယ်။ လိုအပ်လို့ သောက်တာကို သိပ်မ ကြောက်ပါနဲ့တဲ့။ လိုလို့ သောက်နေ ရင်လဲ ဆေးကို ရပ်မပစ်ပါနဲ့တဲ့။ ဒါပေမယ့် သံသယရှိရင် ဆရာဝန် နဲ့ တိုင်ပင်ဆွေးနွေးပါတဲ့''
''ဒါဆို လမ်းထိပ်ကွမ်းယာ ဆိုင်က ရန်ကနားဆီမှာ ဝယ်သောက် တာ မလုပ်သင့်ဘူးပေါ့''
''မလုပ်သင့်ဘူး။ ရန်ကနားက ဘာမှမသိဘူး။ ရမ်းသမ်းပြီး ရောင်း တာ။ လိုအပ်တယ်ထင်ရင်တော့ ဆရာဝန်နဲ့ အရင်တိုင်ပင် သင့်တယ်။ ဆရာဝန်က ညွှန်ကြားမှ သောက် ရမယ်''
''လမ်းညွှန်ချက်တွေ ဘာတွေ ရှိလား''
''UK မှာရှိတယ်။ Guidelines for NHS Staff ဆိုတာရှိတယ်။ အဲဒီ လမ်းညွှန်ချက်အရ Hypnotic Drug တွေကို ကာလတိုသာ သုံးရမယ် တဲ့။ ရေရှည်မသုံးသင့်ဘူးတဲ့။ ဆေး ယဉ်သွားမယ့်အန္တရာယ်၊ ဆေးစွဲ သွားမယ့် အန္တရာယ်ရှိနေတယ်တဲ့။ အဲသလိုဗျ''
''အိပ်ဆေးက Hypnotic Drug ထဲပါသလား''
''ပါတာပေါ့။ အမေရိကန် သုတေသနအရ Potential Risk ရှိ တာကို သိရတယ်။ တခြား လေ့လာ မှုတွေမှာလဲ အလားတူတွေ့ရတယ်။ သူတို့ဆီမှာ The Medicines and Health Care Products Regulatory Agency ဆိုတာရှိတယ်။ ဆေးနဲ့ ဆေး ပစ္စည်းတွေကို ထိန်းချုပ်တဲ့ အဖွဲ့ ဆိုပါတော့ဗျာ။ လမ်းညွှန်ချက်တွေလဲ ပေးလေ့ရှိတယ်။ ဒီအဖွဲ့က စောစော က သုတေသနကို ပြန်ပြီး ခွဲခြမ်းစိတ် ဖြာပြီး လေ့လာဦးမယ်။ လက်ရှိ ဆေး ဝါးဆိုင်ရာ လမ်းညွှန်ချက်တွေ အပေါ် ဆက်နွယ်မှု ရှိ၊ မရှိကိုပေါ့ဗျာ''
''ကောင်းပါတယ်ဆရာ။ ရှု ထောင့်ပေါင်းစုံက လေ့လာတာ ပို ပြီး ပြည့်စုံတာပေါ့''
''သူတို့ဆီမှာ ဆေးသုံးတဲ့နှုန်း ကများတယ်။ အင်္ဂလန်မှာ ၂ဝ၁ဝ ခုနှစ်က စာရင်းဇယားအရ Temazepam အတွက် ဆေးညွှန်းစာပေါင်း ၂.၈ သန်းရှိတယ်။ အိပ်ဆေးနောက် တစ်မျိုးရှိသေးတယ်။ Zopiclone လို့ ခေါ်တယ်။ ဒီဆေးအတွက် ဆေး ညွှန်းစာက စုစုပေါင်း ၅.၃ သန်းရှိ တယ်''
''သန်းနဲ့ချီပြီးရှိနေပါလား''
''ဟုတ်တယ်ဗျ။ ပြီးတော့ Zolpidem ဆိုတဲ့ အိပ်ဆေးအတွက် ခုနစ် သိန်းကျော်ရှိတယ်။ Zaleplon ဆိုတဲ့ အိပ်ဆေးအတွက်က ကိုးထောင်ကျော် ရှိတယ်။ ဒီဆေးတွေက စောစောက ဆေးနှစ်မျိုးနဲ့ ဆေးအုပ်စုချင်းတူ တယ်''
''အများကြီးပဲဗျနော်''
''အများကြီးပဲ၊ နောက်ဆုံးသု တေသနမှာ အိပ်ဆေးပေါင်းစုံကို လေ့ လာခဲ့တယ်။ ယူကေမှာသုံးနေတဲ့ ဆေးတွေလဲပါတယ်။ Benzodiazepine အုပ်စုကဆိုရင် Temazepam ပါတယ်။ Diazepam ပါတယ်။ ပြီးတော့ Non-Benzodiazepine အုပ်စု ကဆိုရင် Zolpidem ပါတယ်။ Zopiclone ပါတယ်။ Zoleplon ပါတယ်။ Barbiturate တွေလဲပါ တယ်။ အတော်စုံတယ်ဗျ''
''သုတေသနလုပ်တဲ့ ပညာရှင် တွေကဘယ်ကလဲ''
''The Jackson Hole Centre for Preventive Medicine က ပညာ ရှင်တွေရယ်၊ The Scripps Clinic Viterbi Family Sleep Centre က ပညာရှင်တွေရယ် စုပေါင်းလုပ်ကြတာ ဗျ''
''သုတေသနက ဘယ်လောက် ကြာသလဲဆရာ''
''နှစ်နှစ်ခွဲကြာတယ်။ ဆေး သောက်တဲ့လူတွေမှာ ဒီကာလအတွင်း ၄.၆ဆ ပိုသေတာတွေ့တယ်။ စာရင်း ဇယားအတိအကျပြောရရင် ဆေး သောက်တဲ့အုပ်စုမှာ လူနာ ၁၆ ဦးမှာ တစ်ဦးနှုန်းသေတယ်။ ဆေးမသောက် တဲ့အုပ်စုမှာ လူနာ ၈ဝ ဦးမှ တစ်ဦး သေတယ်။ အဲဒါ သုတေသနရလဒ် တွေပဲဗျ''
''တခြားအကြောင်းကြောင့် သေ တာရော မဖြစ်နိုင်ဘူးလား''
''သုတေသီတွေက ဘက်ပေါင်း စုံစဉ်းစားပြီးသားဗျ။ ဥပမာ- နှလုံး ရောဂါနဲ့လဲသေနိုင်တာပဲ။ အဲဒီတော့ ဒီလိုဟာတွေကို ဖယ်ထုတ်ထားရ တယ်။ ဒါမှလဲ ကောက်ချက်ချလို့ ရမှာ''
သုတေသနရဲ့ သဘောက ဒီလို ကိုး။ ရှင်းပါပြီဆရာ''
''သုတေသီတွေယူဆတာက ဒီ ဆေးတွေက အိပ်ချင်တယ်။ အိပ်ရာ ကနိုးတာတောင် အိပ်ချင်စိတ်က မပြေသေးဘူး။ ဒါကြောင့်လဲကျတာ တွေ၊ မတော်တဆဖြစ်တာတွေ ပိုဖြစ် တယ်တဲ့။ နောက်တစ်ချက်က အိပ် ပျော်နေချိန်မှာ ဆေးအာနိသင်ကြောင့် အသက်ရှူပုံပြောင်းသွားတယ်တဲ့။ ပြီး တော့ ဆေးသောက်တဲ့ လူနာတွေ ဟာ ကိုယ့်ကိုယ်ကို သတ်သေတာ လဲပိုများတယ်တဲ့''
''ဟုတ်ကဲ့ဆရာ''
''ပြီးတော့ရှိသေးတယ်။ ဆေး အချိန်အဆ အများဆုံးသောက်တဲ့ လူနာအုပ်စုက သာမန်ထက် ကင်ဆာ ဖြစ်နှုန်းများတယ်တဲ့။ သူတို့ဆီမှာက လဲ ဆေးကုမ္ပဏီကြီးတွေရဲ့သြဇာ ကလဲ မသေးဘူး။ တစ်ခါတလေ သုတေသနရလဒ်တွေကို လွှမ်းမိုး တတ်တယ်''
''ဒါဆို ခု သုတေသနကို ဆေး ကုမ္ပဏီနဲ့ မပတ်သက်သူတွေက ဝေဖန်ဆန်းစစ်သင့်တာပေါ့နော်''
''မှန်တယ်ဗျ။ ဝေဖန်ဆန်းစစ် သင့်တယ်။ ဒါမှ အဂတိလေးပါးက ကင်းလွတ်မှာ''
''ဒါပေမယ့် သိပ်လဲအကြောက် လွန်ဖို့မလိုဘူးထင်တယ်''
''ကိုနှင်းမောင် ယူဆတာလဲ မဆိုးပါဘူး။ ပါရဂူတွေကလဲ အဲသလို ပဲ ပြောတယ်။ King's College London မှာရှိတဲ့ Institute of Psychiatry က Professor Malcolm Lader က ပြောတယ်။ သူက Professor of Clinical Psychopharmacology ဗျ။ ခု သုတေသနရလဒ်ကြောင့် လူ နာတွေ သိပ်မလန့်ပါနဲ့တဲ့။ သုတေသ နကိုနောက်ထပ်လုပ်ရဦးမှာပါတဲ့။ ခု လောလောဆယ် သောက်လက်စ လူနာက ဆေးရပ်မပစ်ပါနဲ့တဲ့။ အိပ် မပျော်တဲ့ ရောဂါကလဲ ဆိုးပါတယ် တဲ့။ ဆေးသောက်တဲ့ ကိစ္စကို သံသ ယရှိရင် မိသားစုဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးကြပါတဲ့''
''လိုက်နာသင့်တဲ့အကြံဥာဏ် ကောင်းပါပဲဆရာ''
''Royal Pharmaceutical Society က Nina Barnett က လဲ ပြော တယ်။ ဒါဟာ အရေးကြီးတဲ့ သုတေသနပါပဲတဲ့။ ဒါပေမယ့် လော လောဆယ်လမ်းညွှန်ချက်တွေမပြောင်း သေးပါဘူးတဲ့။ တစ်ခုရှိတာက ပိုပြီး သတိထားဖို့လိုလာပါပြီတဲ့။ လူနာရော ဆရာဝန်ပါ ပိုပြီးသတိထားပါတဲ့။ အန္တရာယ်ရှိတယ်ဆိုတာ မမေ့ပါနဲ့ တဲ့။ လိုအပ်မှ သုံးပါတဲ့။ ဆေး သောက်တဲ့လူနာမှာ သေနှုန်းပိုတယ် ဆိုပေမယ့်လဲ ဆေးကြောင့် သေတာ တော့ မဟုတ်ပါဘူးတဲ့''
''စဉ်းစားစရာပါပဲ ဆရာ''
''ပညာရှိစကားပါပဲခင်ဗျာ။ အစွန်းနှစ်ဘက်လွတ်အောင်ချိန်ချိန် ဆဆ ပြောသွားတယ်ဗျ''
''ဆေးပညာက သချာင်္လို လုပ် လို့မရဘူးဆရာ။ြ>ွခင်းချက် ဆို တာက ရှိနေတယ်။ အကုန်ပေါင်း ပြီး စဉ်းစားရတာမျိုးပဲ''
''ဟဲဟဲ၊ ကိုနှင်းမောင်လဲ သု တေသီ ဆန်လာပြီဗျ''
''ဟုတ်ကဲ့ဆရာ၊ ဆရာနဲ့ ပေါင်း လို့ဖြစ်မှာပါ''
''Association of the British Pharmaceutical Industry ဆိုတဲ့ အသင်းကြီးကပြောရေးဆိုခွင့်ရှိသူ ပါရဂူက ပြောထားတာလဲရှိတယ်။ ဆေးတစ်မျိုးဟာ ကောင်းပြီလို့ ယူဆ ပြီး အတည်ပြုပြီးတာတောင် စဉ် ဆက်မပြတ် ဆက်လေ့လာရပါတယ် တဲ့။ ပြီးပြီးရော ပစ်မထားရပါဘူး တဲ့ဗျ''
''စဉ်ဆက်မပြတ် စောင့်ကြည့် သင့်တာပေါ့ဗျာ''
''တချို့ ဆေးတွေက လော လောဆယ်သုံးနေတုန်းတော့ ကောင်း နေတယ်။ နောက်ထပ် အနှစ် ၃ဝ ကြာမှ ထူးခြားချက်တွေ့တာလဲ ရှိ တယ်ဗျ''
''ဒါကြောင့် ကြာကြာစောင့် ကြည့်တာပေါ့ဆရာ''
''ကဲ- ချိုကျလေး သောက်ပါ ဦး။ ကရင်ကြီးရေ ဘာမုန့်ရှိလဲဗျ''
''စမူဆာရှိတယ်ဆရာ။ သုပ် လိုက်ရမလား''
''ကောင်းတယ်ဗျာ။ ညလယ် စာပေါ့။ လုပ်ဗျာ''
''သြော်-ဒါနဲ့ ဆရာ၊ လေညို ကုန်းမှာ ရာဟုမောင်မောင် ရောက်နေ တယ်ဆို''
''ဟဲ-ဟဲ- ကိုနှင်းမောင်က ညညအိပ်မပျော်တာ သူနာပြု ဆရာမ လေးနွဲ့ယမင်းကြောင့်မဟုတ်လား။ ဒါ ကြောင့် ရာဟုမောင်မောင်ကို အားကိုး မလို့ထင်တယ်''
''ဟဲ- ဟဲ- အိပ်ဆေးတော့ ကြောက်ပါပြီဆရာ။ ပီယဆေးတော့ လိုချင်တယ်ဆရာ''
''လေညိုကုန်းက ရွှေဘုံသာ လမ်းမှာ။ ဝေးပါတယ်။ နီးနီးနားနား အေးသိဒ္ဓိကိုလာလာနေတဲ့ ဘိုးတော် တစ်ပါးရှိတယ်။ တွေ့ချင်လား''
''တွေ့ချင်တာပေါ့ဆရာ။ ကူညီ ပါဦး''
''ဘိုးတော်နာမည်က ကယား မောင်မောင်တဲ့။ သိန်းငှက်ဘိုးတော်လို့ လဲခေါ်တယ်။ ဘိုးတော်က ဆေး ပြင်းလိပ်သိပ်ကြိုက်တာ။ ကမ္ဘာ ကျော် စာရေးဆရာကြီး ဟဲမင်းဝေး စတိုင်ဗျ''
''ရပါတယ်ဆရာ၊ ဆေးပြင်း လိပ်နဲ့ ပူဇော်ပါ့မယ်''
''ဟုတ်ပြီ။ ချစ်တီး ထမင်းလဲ ကျွေးရမယ်။ ဘယ်နှယ့်လဲ''
''ရပါတယ်ဆရာ။ ပီယဆေး သာရပါစေ။ ပူဇော်ပါ့မယ်''
''အိုကေ၊ ကျွန်တော် ဆောင် ရွက်ပေးမယ်။ နောက်ဆိုကိုနှင်းမောင် အိပ်ဆေး မလိုတော့ဘူးဗျ။ ဟဲဟဲ၊ ရှင်းပါတယ်နော်''
''ရှင်းပါတယ် ဆရာ''

ဈေးကွက် ဂျာနယ်မှ တင်ဆက်ပါသည်။

By မြန်မာပြည်မှမြန်မာလူမျိုး

No comments:

Post a Comment