Monday 15 October 2012

Android Device များကို Android Tuner နဲ့ မြန်မာဖောင့်ကို ထည့်သွင်းခြင်း.....

ကျွန်တော်တို့ Android Device တွေမှာ မြန်မာစာတွေမြင်ရအောင် Zawgyi Font မထည့်ခင် Android Tuner ဆိုတဲ့ app လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ဒီ app လေးကဘာလုပ်ပေးနိုင်သလဲဆိုတော့ ကျွန်တော်တို့ android device တွေကို စွယ်စုံစီမှန်ခန့်ခွဲပေးပါတယ်။ File Explorer ၊ Cache Cleaner ၊ Task Killer ၊ One
Click Optimizer ၊ Terminal Emulator ၊ Backup ၊ Startup ၊ CPU Control အစရှိတဲ့ အမျိုးမျိုးသော စီမှန်ခန့်ခွဲမှုတွေကို ဒီ app လေးကလုပ်ဆောင်ပေးပါတယ်။ File Size အားဖြင့်အလွန်သေးငယ်ပြီး ပေါ့ပေါ့ပါးပါးနဲ့လွယ်လွယ်ကူကူအသုံးပြုလို့ရပါတယ်။ ဒီ app လေးရဲ့ feature အစုံအလင်ကိုအောက်မှာကြည့်ရှုနိုင်ပါတယ်။ တစ်ချို့ feature တွေကတော့ root access လိုအပ်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ့် device က root လုပ်ထားရင်အကောင်းဆုံးပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်ကအောက်ဘက်မှာ မြန်မာဖောင့်ထည့်သွင်းနည်းကိုထပ်ပြောဦးမှာမို့လို့ပါ။

Features of Android Tuner

File explorer (root, sd, network share, streaming)
Application backups (auto, multiple version)
Startup application manager*
Application event control*
System app uninstaller*
System update cleaner*
Monitoring (battery, cpu, network, memory)
Logcat**, kernel message reader*
App statistics since unplugged
Task manager
Auto-task killer
Terminal emulator
CPU tweaks (governor, frequency, voltages) relying on Kernel support*
SD tweaks (cache size, scheduler)*
Sysctl editor*
Build.prop editor*
Many notifications icons can be installed
1×1 and 2×1 text widgets
2×1, 3×1, 4×1, 4×2, 5×1 and 5×2 graphic widgets
1×1 and 4×1 toggle widgets***
App optimizer (zipalign and database cleaner)
Battery saver (cpu, switch off wifi, bluetooth)

ဒီ app ကို download လုပ်ရမယ့် link ကတော့ (http://www27.zippyshare.com/v/36740436/file.html) ဒီမှာပါ။
ကဲ download လုပ်ပြီးပြီဆိုရင်တော့ ကျွန်တော်တို့ device ထဲကို ထည့်သွင်းလိုက်ပါ။ device ထဲကိုထည့်သွင်းဖို့ Settings အောက်က Applications အောက်က Unknown Sources ကို check လုပ်ပေးပါ။ ဒါက Gingerbread 2.3 နဲ့ Honeycomb 3.0 အတွက်ဖြစ်ပါတယ်။ Ice-Cream Sandwich 4.0 နဲ့ Jelly Bean မှာတာတော့ Settings အောက်က Security အောက်က Unknown Sources ကို check လုပ်ပေးပါ။ ပြီးတာနဲ့ ကိုယ့်ရဲ့ device ထဲကို ခုနက app ကိုထည့်ပြီး device ကမှတစ်ဆင့် အဲ့ဒီ app ထည့်ထားတဲ့နေရာကိုသွားပြီး အဲ့ဒီ app ကို run လိုက်ပါ။ Install လုပ်မှာလားလို့မေးရင် OK လို့သာလုပ်လိုက်ပါ။ အခုဆိုရင် ဒီ Android Tuner ကိုအောင်မြင်စွာထည့်သွင်းပြီးသွားပါပြီ။

မြန်မာဖောင့် (Zawgyi One Font) ကိုထည့်သွင်းမယ်…
ကျွန်တော်တို့ဟာ ဒီမြန်မာဖောင့် ကိုမထည့်သွင်းခင်အရင်ဆုံးလိုအပ်တာက ကျွန်တော်တို့ device ဟာ root လုပ်ထားဖို့တော့လိုအပ်ပါတယ်။ တစ်ကယ်လို့ root လုပ်ထားပြီးသားဆိုရင်တော့ အဆင်ပြေပါတယ်။ ဒီနေရာ မြန်မာဖောင့်ထည့်သွင်းတာကအခြေအနေ၂မျိုးဖြစ်နိုင်ပါတယ်။
ပထမတစ်ခုကတော့ အရင်ကတည်းက မြန်မာဖောင့်ထည့်ပြီးသား ဒါပေမယ့် မြန်မာစာတွေဖတ်လို့မရတော့တဲ့အခြေအနေမျိုးကို ကိုယ့် device မှာ ကြုံနေရတဲ့အခြေအနေရယ် လုံးဝကိုမထည့်သွင်းသေးတဲ့အခြေအနေရယ်ဆိုပြီး ၂မျိုးဖြစ်နိုင်ပါတယ်။ အခုပြောမယ့်နည်းလမ်းက ၂ခုလုံးအတွက်အဆင်ပြေပါတယ်။
ကျွန်တော်တို့ မြန်မာဖောင့်ထည့်သွင်းဖို့အတွက်အရင်ဆုံး ZawgyiOne2008.tff file ကို download အရင်လုပ်ရပါမယ်။ ဒီ link မှာ download လုပ်လို့ရပါတယ်။ (http://code.google.com/p/zawgyi/downloads/detail?name=ZawgyiOne2008.ttf)
Download လုပ်လို့ရလာတဲ့ file name ဟာ ZawgyiOne2008 ဆိုပြီးဖြစ်နေပါလိမ့်မယ်။ အဲ့ဒီနာမည်ကိုကျွန်တော်တို့ပြောင်းရပါမယ်။ ဘာနဲ့ပြောင်းမလဲဆိုတော့ ဒီနာမည်နဲ့ပြန်ပြောင်းပေးပါ DroidSansFallback။ ဒီ DroidSansFallback ကိုရိုက်တဲ့အခါ အမှားအယွင်းဖြစ်လို့မရပါဘူး။ မှန်ကန်အောင်ရိုက်ဖို့လိုပါတယ်။ ပြီးတာနဲ့ အဲ့ဒီ file လေးကို ကိုယ့် device ထဲကို ထည့်ပါမယ်။ ထည့်ပြီးသွားပြီဆိုရင် ခုနကသွင်းခဲ့တဲ့ Android Tuner ကိုဖွင့်ပါ။ ဖွင့်ပြီးသွားရင် ဘယ်ဘက်အောက်ထောင့်စွန်းက Explorer ဆိုတဲ့ ကောင်ကိုထပ်ဖွင့်ပါ။ ဖွင့်ပြီးသွားရင်ခုနက DroidSansFallback file ထည့်ခဲ့တဲ့နေရာကိုသွားပါ။ အဲ့ဒီနေရာကိုရောက်သွားရင် အဲ့ဒီ DroidSansFallback file ကိုခဏဖိထားပြီး Copy ဆိုတာကိုနှိပ်ပါ။ ပြီးတာနဲ့ Explorer ကမှတစ်ဆင့် system folder ကိုရှာပါ။ system folder ကိုတွေ့ရင်သူ့အောက်မှာ fonts ဆိုတဲ့ folder ကိုထပ်ရှာပါ။ အဲ့ဒီ fonts ဆိုတဲ့ folder အောက်ကိုသွားပြီး ခုနက Copy လုပ်ခဲ့တဲ့ file ကို Paste လုပ်ပါ။ Paste ခလုပ်ကဘယ်ဘက်ထောင့်စွန်းအောက်မှာ P.. ဆိုပြီးပေါ်နေပါလိမ့်မယ်။ အဲ့ကောင်ကိုသာနှိပ်လိုက်ပါ။ အဲ့ဒါဆိုရင် Overwrite လုပ်မလားလို့မေးပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီ file name နဲ့ကရှိပြီးသားမို့လို့ပါ။ Yes to all သာဖြေလိုက်ပါ။ Overwrite လုပ်သွားပါလိမ့်မယ်။ ပြီးသွားတာနဲ့ မြန်မာဖောင့်နဲ့ရေးထားတဲ့ website သို့မဟုတ် မြန်မာစာနဲ့ရေးထားတဲ့ file တစ်ခုခုကို ဖတ်ကြည့်လိုက်ပါ။ မြန်မာဖောင့်ကိုမြင်ရပါလိမ့်မယ်။ ဒါဆိုရင်တော့ မြန်မာဖောင့်သွင်းတာအောင်မြင်ပြီလို့ခေါ်လို့ရပါတယ်။ တစ်ကယ်လို့ မမြင်ရသေးဘူးဆိုရင်တော့ အပေါ်ကပြောခဲ့အတိုင်းသာပြန်လုပ်ကြည့်ပါ။ နာမည်ပြောင်းတုန်းက DroidSansFallback ဒီ နာမည်ဖြစ်လားမဖြစ်ဘူးလားဆိုတာကို သေချာပြန်စစ်ကြည့်ပါ။ အားလုံးမှန်နေတယ်ဆိုရင်တော့ မြန်မာဖောင့်ကိုလုံးဝမြင်ရပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင် ဒီနည်းနဲ့ပဲ ကျွန်တော့်ဖုန်းကိုလုပ်ထားတာပါ။

အစဉ်လေးစားစွာဖြင့်…
IT4M

By Info Tech For Myanmar (IT4M)

http://www.facebook.com/techforeveryone009

1 comment: