Wednesday 31 October 2012

Photo ထဲတွင် File များကို Hidden လုပ်နည်း


လိုအပ်တာတွေကတော့ -
> WinRAR Software
> ပုံတစ်ပုံ
> မိမိ Hidden လုပ်လိုသည့် File

WinRAR ကို မသွင်းရသေးတဲ့ လူတွေအတွက်တော့...

ဒီလင့် http://www.rarlab.com/download.htm လေးကနေ သွားရောက် Download ဆွဲနိုင်ပါတယ်။
ပြီးရင်တော့ ပုံမှန်အတိုင်း install လုပ်လိုက်ပါ။

ပထမဆုံး မိမိ Hidden လုပ်ချင်တယ့် File ကိုသွားပါ။ ပြီးရင် New Folder တစ်ခုဆောက်ပြီး အဲ့အထဲထည့်ပေးပါ။ File တစ်ခုထက်ပိုပြီး ထည့်လို့လည်းရပါတယ်။
ပြီးရင် Folder ပေါ် right click ထောက်၊ Add to archive ကိုနှိပ်လိုက်ပါ။
ပြီးလျှင် RAR သို့မဟုတ် ZIP extension နဲ့သိမ်းလိုက်ပါ။
နောက်...Windows Key + R ကို နှိပ်ပြီး Command Prompt (၀ါ) cmd ကိုသွာေးပးပါ။
cmd ထဲမှာ ကိုယ့် File တွေရှိတဲ့နေရာသွားပေးပါ။

ဥပမာ - ကျွန်တော့် File တွေ၊ ပုံတွေက Desktop ရဲ့ "HiddenTest" Folder ထဲမှာရှိတယ်ဆိုပါတော့...
အပေါ်က Zip လုပ်ထားတဲ့ နာမည်က a.zip ၊ ပုံနာမည်က b.jpg ဆိုပါစို့...
cmd ဖွင့်ပြီးရင် "cd Desktop\HiddenTest" ဆိုပြီးရိုက်ရပါမယ်။
ဒါဆိုရင် cmd ထဲမှာ path change သွားပါလိမ့်မယ်။
နောက်ပြီးရင်တော့...
"copy /b b.jpg+a.zip c.jpg" ဆိုပြီးရိုက်ထည့်ရပါမယ်။
c.jpg ကတော့ ကိုယ် File Hidden လုပ်ထားတဲ့ ပုံသစ်တစ်ပုံအနေနဲ့ create လုပ်လိုက်တာဖြစ်ပါတယ်။
"c" နေရာမှာ ကြိုက်တဲ့နာမည်ပေးလို့လည်းရပါတယ်။
ကဲ...
ကွာခြားတာကို ကြည့်မယ်ဆိုရင်တော့...
မူရင်းပုံ နဲ့ File Hidden လုပ်ထားတဲ့ ပုံနဲ့ ကို Right Click>>>Properties မှာ File Size ကို check လုပ်လိုက်ပါ။
Size ချင်းမတူကျတော့ပါဘူး။

ပြန်ဖော်ချင်တယ်ဆိုရင်တော့...
c.jpg ကို Right Click >>> Open With >>> Choose Default Program >>> Browse နဲ့ WinRAR Software ကိုသွင်းထားတဲ့ Location ကိုညွှန်ရပါလိမ့်မယ်။
Default Location ကတော့..."C:\Program Files\WinRAR\WinRAR.exe" ဖြစ်ပါတယ်။
ဒါဆိုရင် ကိုယ်ဝှက်ထားတဲ့ File တွေကို extract လုပ်လို့ရသွားပြီပေါ့နော်။

James Bond လို Spy အကြီးစားများဖြစ်နိုင်ကျပါစေ။ :P

ကျေးဇူးတင်ပါတယ်။
IT4M

By Info Tech For Myanmar (IT4M)

No comments:

Post a Comment