Wednesday 31 October 2012

ပျိုပျိုမေတို့အတွက် အထူး အဟာရ သဘာဝအစားအစာ


အရွက်များသော အသီးအရွက်များကို စားသုံးသင့်ပါတယ်။ အရွက်များတဲ့ အသီးအရွက်မျာကို နေ့စဉ်စားသုံးတဲ့ အစားအစာများ စာရင်းထဲမှာ ထည့်သွင်း စားသုံးခြင်း မရှိပါက ခန္ဓာကို အဟာရ လိုအပ်မှုကို လုံလောက်စွာ ဖြည့်တင်း ပေးနိုင်ခြင်း မရှိပါ။ ဟင်းနုနွယ်၊ ပဲတောင့်ရှည်၊ ကညွှတ်၊ ဆလတ်၊ ပဲနံ့သာစေ့၊
အစိမ်းရောင် ပန်းဂေါ်ဘီ၊ စတာတွေက အလွယ်တကူ ပေါများစွာ ရရှိနိုင်ပြီး အမျှင်ဓါတ်၊ ဗီတာမင် စီ၊ ကေနဲ့ ဖော်လစ်အက်ဆစ် ကြွယ်ဝတဲ့ အသီးအနှံတွေပဲ ဖြစ်ပါတယ်။ အမြင်အာရုံကို ပိုမို အားကောင်းလာစေပြီး ကယ်လ်ဆီယံ၊ မဂ္ဂနီဆီယမ်၊ သံဓါတ်၊ ပိုတက်ဆီယမ် စတဲ့ ဓါတ်တွေလည်း ပြည့်ဝစွာ ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။

အမျှင်ဓါတ် ၉၆% ပါဝင်ပြီး လိုအပ်တဲ့ ဗီတာမင်၊ အဟာရဓါတ်တွေ ပြည့်ဝစွာ ပါဝင်တဲ့ ကောက်နှံဟာလည်း အမျိုးသမီးများ စားသုံးသင့်တဲ့ အစားအစာ တစ်မျိုးဖြစ်ပါသည်။ ဂျုံနဲ့လုပ်တဲ့ ပေါင်မုန့်၊ ပီဇာ၊ ဆန်လုံးညို စတာတွေဟာ လုံလောက်တဲ့ အဟာရကို ပေးစွမ်း နိုင်တဲ့အပြင် ကိုယ်အလေးချိန် ကိုလည်း မတက်စေပါ။

ပဲကို စားသုံးခြင်းဖြင့် လိုအပ်တဲ့ ဓါတ်တွေကို ရရှိနိုင်ပါတယ်။ အသုပ်၊ မနက်ခင်းမုန့်၊ ဒိန်ချဉ် စတဲ့ အစားအစာ တွေနဲ့ ရောပြီး စားသုံးပါ။ ပဲမှာ ပရိုတင်း၊ မဂ္ဂနီဆီယမ်၊ ဘီတာမင် ဘီနဲ့ အီး စတဲ့ ဓါတ်တွေ ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။ နှလုံးရောဂါနဲ့ ကင်ဆာရောဂါ ဖြစ်ပွားခြင်းကို ကာကွယ် ပေးနိုင်ပါတယ်။ ပဲမှာ နှလုံးကို ကောင်းမွန်စေတဲ့ အဆီ ကယ်လိုရီတွေ များစွာ ပါဝင်ပါတယ်။ နေ့လည်နေ့ခင်း သွားရေစာ အဖြစ်လည်း စားသုံးေ ပးနိုင်ပါတယ်။ ဒါပေမယ့် အလွန်အကျွံတော့ မစားသင့်ပါတယ်။ တပတ်ကို လက်တဆုတ် စာလောက် စားသုံးပေးရင်ပဲ အတော်လေး လုံလောက် နေပါပြီ။

မလိုင်ကင်းတဲ့ ဒိန်ချဉ်ဟာလည်း ဗီတာမင်၊ ပရိုတင်း၊ ကယ်လ်ဆီယမ်ဓါတ် ပေါကွယ်ဝစွာ ပါဝင်တာကြောင့် အမျိုးသမီးများ စားသုံးရမယ့် အစားအစာ တမျိုးဖြစ်ပါတယ်။ ဒိန်ချဉ်မှာ ရောဂါ ပိုးမွှားတွေကို တိုက်ဖျက် ပေးနိုင်တဲ့ ဘက်တီးရီယားတွေ ပါဝင် နေပါတယ်။ တပတ်ကို သုံးလေးခွက်လောက် သောက်သုံးပေးပါ။ သောက်တဲ့အခါမှာ သကြားထည့် မသောက်ပဲ ဒီအတိုင်း ဒိန်ချဉ်ချည်းပဲ သောက်၊ ဒါမှမဟုတ် အသီးတမျိုးမျိုးရောပြီး သောက်တာဟာ ပိုပြီး ကောင်းပါတယ်။

ဘယ်ရီသီးဟာ အမျှင်ပေါတဲ့ အစားအစာ တစ်မျိုးဖြစ်ပါတယ်။ ကိုယ်အလေးချိန် လျှော့ချရာမှာလည်း အထောက်အကူ ဖြစ်စေပါတယ်။ ဘယ်ရီသီးမှာ ဓါတ်တိုး ဆန့်ကျင်ပစ္စည်း ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။ အဲဒီ ဓါတ်တိုးဆန့်ကျင် ပစ္စည်းဟာ ရောဂါ ဖြစ်ပွားနိုင်မှုကို လျော့ကျစေပြီး၊ မှတ်သားနိုင်စွမ်း လျော့နည်း လာမှုကိုလည်း အကာအကွယ် ပေးပါတယ်။ တပတ်ကို အနေတော် ပန်းကန်လုံး သုံးလုံးစာလောက် စားသုံးပေးပါ။ လတ်လတ်ဆတ်ဆတ် ဘယ်ရီသီးပဲဖြစ်ဖြစ်၊ အခြောက်ခံ၊ အအေးခံထားတဲ့ ဘယ်ရီးသီးပဲဖြစ်ဖြစ် အာနိသင်က အတူတူပါပဲ။ ကောင်းမွန် အကျိုးပြုနေဆဲ ဖြစ်ပါတယ်။
POPO(သဘာဝရဲ့အားအင်)

Ref ..(အိန္ဒိယတိုင်းမ်)

source>>>http://natureenergycare.blogspot.com/2012/10/blog-post_5723.html#more
by NANG KHA YEA on 31.10.2012

By Win Paphyu

http://www.facebook.com/winpapaphyu

No comments:

Post a Comment