Wednesday 31 October 2012

‎"Google မှ Email ပို့သည်ပုံစံအားပြောင်းလဲ


Google သည် သူတို့၏ အီးမေးလ်ပို့သည်ပုံစံအား ပြောင်းလဲလိုက်ကြောင်း သိရပါသည် ယခင်က ပုံစံမဟုတ်တော့ဘဲ ယခုပြောင်းလဲလိုက်သည့်ပုံစံတွင်

အီးမေးလ်ပို့ရန် Compose ကိုနှိပ်လိုက်သောအခါ Pop Up တစ်ခုထွက်လာမည် ဖြစ်ပြီး ထို Pop up လေးကိုအသုံးပြုပြီး အီးမေးလ် ပို့ရမည်ဖြစ်ပါသည်

Window မှ မိမိပို့လိုသည့် Message အနည်းအများကို လိုက်ပြီး ထို Pop Up ၏အရွယ်အစားအား အော်တို ထိန်းချုပ် ပေးမည်ဖြစ်ပါသည် ထို Pop Up မှာ Chat Box ဖြင့်ဆင်တူပါသည်
ယခု ပုံစံအသစ်တွင် ပါဝင်လာသည့် Feature အသစ်များမှာ

(၁)
အီးမေးလ်ပို့နေစဉ်အတွင်း တွင် မိမိ၏တခြားအီးမေးလ်အ၀င်အထွက်အား စစ်ဆေးနိုင်မည်ဖြစ်ပါသည်
(၂)
မိမိပို့မည့် လူ၏ Email တွင်အသုံးပြုထားသော ဓာတ်ပုံအား မြင်တွေ့နိုင်မည် ဖြစ်ပါသည်
(၃)
-မိမိပို့လိုသည့် အီးမေးလ်အား To,CC,BCC တွင်လိုသလို ရွေ့ပြောင်းနိုင်မည် ဖြစ်ပါသည်


ယခု အီးမေးလ်ပို့သည့်ပုံစံအသစ်အား အသုံးမပြုချင်ဘူးဆိုလျှင်လည်း (Switch back to old compose) အားနှိပ်ပြီး ယခင် ပို့နေကြ ပုံစံအဟောင်း ကိုပင်ဆက်လက်အသုံးပြုပြီး အီးမေးလ်ပို့နိုင်ပါသည် အဘယ်ကြောင့်ဆိုသော်
ယခုပြောင်းလဲလိုက်သည့် ပုံစံအသစ်မှာ အဟောင်းပုံစံဖြင့် သိသိသာသာ ကွာခြား ခြင်းမရှိသောကြောင့် ဖြစ်ပါသည်

ကျနော်တို့ပေ့ခ်ျမှ တစ်စုံတစ်ခုရသွားတယ်ဆိုလျှင် ကျေနပ်နေတဲ့
IT4M

By Info Tech For Myanmar (IT4M)

No comments:

Post a Comment