Wednesday 31 October 2012

မျက်ကွင်းညိုခြင်း


မျက်ကွင်း ညိုခြင်းဟာ တကယ်တော့ ရောဂါတစ်ခုမဟုတ်ပါဘူး။ မျက်လုံးနားက အသားအရေဟာ မျက်နှာ ပြင်ရှိ တခြား အသားအရေ များထက် ပိုပြီးတော့ ပါးလွှာပါတယ်။ မျက်လုံးပတ်ပတ်လည်မှာ အာဟာရပြု ထောက်ပံ့ နေတဲ့ သွေးကြောလေးတွေကအင်မတန်သေးငယ်ပြီး အဲဒီဆံချည်မျှင် သွေးကြောလေးတွေ ထဲမှာရှိတဲ ဟေမိုဂလိုဘင်(Hemoglobin)
များပျက်စီးဆုံးရှုံးခြင်းမှ ထွက်ပေါ်လာတဲ့ ရလာဒ်တစ်ခု သာဖြစ် ပါတယ်။ ဒါကြောင့်မို့ မျက်လုံး ပတ်လည်ကို ထိခိုက်မိခြင်း

( ဥပမာ - လက်သီးဖြင့်အထိုးခံရခြင်း) တို့တွင် သွေးကြောများ ပျက်စီးခြင်းကြောင့် မျက်လုံး ပတ်ပတ်လည်မှာ အညိုအမဲ စွဲနေခြင်း ဖြစ်ပါတယ်။ မျက်လုံး ပတ်ပတ်လည်ရှိ အရေပြား များမှာ အင်မတန် နူးညံ့ပြီး ပါးလွှာ လွန်းတဲ့အတွက် အနည်းငယ် ထိခိုက်မိရုံနဲ့ ညိုအမဲစွဲနေ နိုင်ပါတယ်။ မျက်လုံးတ၀ိုက်တွင် ထိခိုက် မခံရ ပေမယ့်လည်း မျက်ကွင်း ညိုခြင်းဟာ အောက်ပါ အကြောင်းအရာ များကြောင့် ဖြစ်စေ နိုင်ပါတယ်။

၁။ မျိုးရိုးလိုက်ခြင်း

၂။အိုမင်းရင့်ရော်လာခြင်း

၃။နေရောင်ခြည်နှင့် မကြာခဏထိတွေ့ခြင်း

၎။ နေ့စဉ်ရက်ဆက် ပင်ပန်းနွမ်းနယ်ခြင်း

၅။ စိတ်ဖိစီးမှုများခြင်း

၆။နှင်းခူ ကဲ့သို့သောဓါတ်မတည့်သည့်ရောဂါများရှိနေခြင်း

၇။ ထိပ်ကပ်နာကဲ့သို့သော နှာခေါင်းနှင့်ပတ်သတ်သော ရောဂါများရှိခြင်း

၈။ရေဓါတ်ခန်းခြောက်ခြင်း

၉။ ကွန်ပျူတာ ၊တီဗွီမှန်သားပြင်ရှေ့တွင် အချိန်အတော်ကြာ အာရုံစိုက်၍အလုပ်လုပ်ခြင်း စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။

အထက်တွင် ပြောခဲ့သလိုပဲ မျက်ကွင်းညိုခြင်းဟာ စိုးရိမ်စရာ ရောဂါတစ်ခု မဟုတ်ပါ။ မျက်နှာတွင်ဖြစ်ပေါ် နေခြင်းကြောင့်သာ အလှအပအတွက် အနည်းငယ် စိတ်ရှုပ်စရာဖြစ်ပေမယ့် မျက်ကွင်းညိုခြင်းဟာ လူကို ဒုက္ခပေးတဲ့ ရောဂါ တစ်ခုတော မဟုတ်ပါဘူး။ မျက်ကွင်းညိုခြင်းကို သက်သာစေဖို့အတွက် နည်းလမ်းလေး တွေလည်းရှိပါတယ်။

ရေများများသောက်ပေးပါ။ တနေ့လျှင် အနည်းဆုံး ဖန်ခွက်ကြီး ၈ ဖန်ခွက်မှ ၁၀ ဖန်ခွက်အထိသောက်ပါ။ ရေများများသောက်ခြင်းဖြင့် အသားအရေကို စိုပြေစေပါတယ်။ မျက်စိကို လက်နဲ့ ကြမ်းကြမ်းတမ်းတမ်း မပွတ်မိပါစေနဲ့။ ရေခဲသေတ္တာထဲတွင် အအေးခံထားသောသခွါး သီး၊ ဒါမှမဟုတ် အာလူးကို အခွံနွှါ၍ အကွင်းလိုက်ပါးပါးလေးလှီးပြီး မျက်စိပေါ်တွင်တစ်နေ့ လျှင်၁၅ မိနစ်ခန် တင်ထားပေးပါ။ တခါသောက် (Ready made)လက်ဖက်ခြောက်ထုတ်လေးများကိုလည်းလွှင့်မပစ်ဘဲ ရေခဲသေတ္တာတွင် အအေးခံပြီး မျက်စိပေါ်တွင် တင်ထားပေးနိုင်ပါ တယ်။ထောပတ် ဆီသို့ မဟုတ် သံလွင်ဆီကို မျက်စိဘေးပတ်လည်တွင် ညင်သာစွာပွတ်လိမ်းပေးပါ။ vitamin E ကဲ့သို့သောကရင်မ် များကိုလည်း မျက်လုံးပတ်လည်တွင် လိမ်းပေးနိုင်ပါတယ်။ အိပ်ရေး၀၀အိပ်ပါ။ နေ့စဉ်ရက်ဆက်အိပ်ရေး ပျက်ခြင်းကြောင့်လည်း မျက်တွင်းချိုင့်ပြီး မျက်ကွင်းညိုသကဲ့သို့ ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါကြောင့် ပုံမှန် အိပ်ရေး၀၀ အိပ်ဖို့လည်းလိုအပ် လှပါတယ်။ စိတ်ဖိစီးမှုကင်းဝေးပါစေ။ ကွန်ပျူတာရှေ့၊ တီဗွီရှေ့တွင် တထိုင်တည်း အချိန်အတော်ကြာမထိုင်မိပါစေနဲ့။ မျက်လုံးကို မကြာဏ အနားပေးပါ။ မျက်စိကို နောင်ရောင်နှင့် တိုက်ရိုက်မထိတွေ့ပါစေနှင့်။နေရောင်နှင့် ထိတွေ့ခြင်းကြောင့် အရေပြားတွင်ယ်လနင် (melanin)များပိုမိုထွက်ရှိနိုင်ပြီး မျက်ကွင်း ညိုခြင်းကို ပိုမို ဆိုးစေနိုင်ပါတယ်။ အရည်ရွှမ်းသော အသီးအနှံများနှင့် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကိုများများစားပေးပါ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Reference and Credit to ^..^
http://myawady.net.mm/mwdhealth/treatment/prevent/205-2012-10-31-02-54-44

By News of Myanmar

No comments:

Post a Comment