Tuesday 2 October 2012

ကိုယ်တွင်း သွေးလှည့်ပတ်မှု ကောင်းမွန်စေရန် နည်းလမ်း (၆)သွယ်


အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံ၊ အစာစားနည်း အလေ့အထအမှားနဲ့ သက်သောင့် သက်သာ နေလွန်းမှုစတဲ့ အချက်တွေက ကျန်းမာရေး မကောင်း တဲ့ဘဝကို ရရှိစေနိုင်တဲ့ အချက်တွေပါ။ လက်ရှိအချိန်မှာ လူအများ စုဟာ ကွန်ပျူတာရှေ့မှာ အချိန်ကြာကြာ ထိုင်တတ်ပြီး
လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းရိ အချိန်ဆွဲတတ်တဲ့ အတွက် ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှု လျော့နည်းနေ တတ်ပါတယ်။ သွေးလှည့်ပတ်မှု မကောင်းတာကြောင့် လက်တွေ၊ ခြေထောက်တွေ အေးစက်တာနဲ့ သွေးကြောထုံးတာ စတာတွေ အဖြစ်များ သလို အမြဲပင်ပန်းနွမ်းနယ် နေတတ်ပါတယ်။

၁။ အပူ၊ အအေး ကုထုံးသုံးပါ

ရေချိုးတဲ့အခါ ကြက်သီးနွေးရေနဲ့ချိုးပြီး ရေအေးနဲ့ ထပ်မံချိုးပေးတာက သွေးလှည့်ပတ်မှုကို ပိုမို ကောင်းမွန်စေပါတယ်။ ရေက အလွန်ပူနေရင် အပူလောင်တတ်တာကြောင့် မချိုးခင်ရေကို အရင်ဆုံး စမ်းသပ်ကြည့်ရ ပါမယ်။

၂။ အသက်ရှူသွင်း၊ ရှူထုတ် လေ့ကျင့်ခန်းလုပ်ပါ

လူအများစုမှာ အသက်ရှူတာကို ပုံမှန်ပဲလုပ်ပြီး လေ့ကျင့်ခန်းတစ်ရပ် အနေနဲ့ လုပ်ဆောင်တာမျိုး မရှိကြပါဘူး။ သွေးလှည့်ပတ်မှု ကောင်းမွန်စေဖို့အတွက် အသက်ပြင်းပြင်း ရှူရှိုက်တဲ့ လေ့ကျင့်ခန်းကို လုပ်ဆောင်ပေးသင့်ပါတယ်။ ဆိုလိုတာက အဆုတ်တွေထဲအထိ အပြည့်ရောက်သွားအောင် အသက်ဝဝ ရှူသွင်းပေးရမှာ ဖြစ်ပါတယ်။ ဒီလို အသက်ပြင်းပြင်း ရှူပေးတာကြောင့် သွေးထဲကို အောက်ဆီဂျင်ပိုမို ရောက်ရှိစေပြီး သွေးထဲက အညစ်အကြေး တွေကို ဖယ်ရှားနိုင်ကာ သွေးလှည့်ပတ်မှုကို တိုးတက် ကောင်းမွန်စေပါတယ်။

၃။ စိတ်ဖိစီးမှု လျှော့ချပါ

စိတ်ဖိစီးမှုဟာ သွေးလှည့်ပတ်မှုစနစ်ကို ထိခိုက်စေတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ လူတစ်ယောက်က စိတ်ဖိစီးမှု များနေရင် ခြေ၊ လက်အစွန် အဖျားတွေ အပါအဝင် အဓိက ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေကိုလည်း သွေးလှည့်ပတ်မှု လျော့နည်းတတ်ပါတယ်။ လက်နဲ့ခြေထောက်တွေက အထိခိုက်ဆုံး နေရာတွေပါ။ ဒါကြောင့် သွေးလှည့်ပတ်မှု ပိုကောင်းမွန်စေဖို့ အကောင်းဆုံးနည်းက စိတ်ဖိစီးမှုကို ရှောင်ရှားဖို့ ဖြစ်ပါတယ်။ အသက် ပြင်းပြင်းရှူတဲ့ လေ့ကျင့်ခန်းနဲ့ တရားထိုင်တဲ့ အလေ့အထတွေကို နေ့စဉ်မှန်မှန် လုပ်ဆောင်ပေးတာကြောင့် စိတ်ဖိစီးမှုကို လျော့ကျစေကာ သွေးလှည့်ပတ်မှုစနစ်ကို ထိခိုက်စေနိုင်ပါတယ်။

၎။ ခြေထောက်ကို မြှင့်ထားပါ

သွေးလှည့်ပတ်မှု ကောင်းမွန်ဖို့ရာအတွက် တခြားထိရောက်တဲ့ နည်းတစ် နည်းက ခြေထောက်တွေကို ခဏလောက် မြှင့်ထားပေးဖို့ပဲ ဖြစ်ပါတယ်။ အိပ်ရာပေါ်မှာ လှဲနေရင်း ခြေထောက်အောက်မှာ စောင်ထူထူထားပါ။ ခေါင်းမှာ ခေါင်းအုံးမခံဘဲ မွေ့ရာပေါ် လှဲနေရင် သင့်ကိုယ်တွင်းကို သွေးလှည့် ပတ်မှု ကောင်းမွန်စေပါတယ်။

၅။ လေ့ကျင့်ခန်းလုပ်ပါ

သွေးလှည့်ပတ်မှု ကောင်းမွန်ဖို့အတွက် အသေချာဆုံး နည်းက ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း လုပ်ဆောင်တာပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ လူအများစု ဟာ အထိုင်များတဲ့ ဘဝနေထိုင်မှု ပုံစံအတိုင်း နေထိုင်ကြပြီး ကိုယ်လက်လှုပ်ရှားမှုကို မလုပ်ကြတာ များပါတယ်။ လမ်းလျှောက်တာ၊ ရေကူးတာနဲ့ ပြေးတာတို့လို ပုံမှန်လေ့ကျင့်ခန်းတွေ လုပ်တာကြောင့် ခန္ဓာကိုယ်အနှံ့ သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။ အစပိုင်းမှာ လေ့ကျင့်ခန်းကို ဖြည်းဖြည်းနဲ့ မှန်မှန်ပဲ လုပ်ဆောင်ရပါမယ်။

၆။ သင့်တော်သော အစားအသောက်စားပါ

တချို့ အစားအသောက်တွေကလည်း သွေးလှည့်ပတ်မှုကို ကောင်းစေပါ တယ်။ အမျှင်ဓာတ် ပါဝင်မှုများတဲ့ အစားအသောက်တွေက ကိုယ်တွင်းစနစ်မှ အဆီတွေကို ဖယ်ရှားပေးပြီး သွေးလှည့်ပတ်မှု စနစ်ကို ပိုမို ကောင်းမွန်စေပါ တယ်။

ဇွန်

By Royal Hero Media

No comments:

Post a Comment