Tuesday 2 October 2012

“ ဆေးလိပ် သောက်ခြင်းကြောင့် ဦးနှောက်မှတ်ဉာဏ် တိုးစေနိုင်သလား ”


သုတေသီတွေ တွေ့ရှိခဲ့တဲ့ အထူးခြားဆုံး အချက်တစ်ခုကတော့ ဆေးလိပ် ထဲမှာ ပါဝင်တဲ့ ဓာတ်တွေထဲမှာ လူတွေရဲ့ ဦးနှောက် မှတ်ဉာဏ်ကို အထောက် အကူပြုတဲ့ ဓာတ်တစ်မျိုး ပါဝင်နေတယ်လို့ ဆိုပါတယ်။ အဲဒီဓာတ်ကြောင့် ဦးနှောက်ဟာ မှတ်ဉာဏ်စွမ်းရည်
တိုးတက်ခြင်းနှင့် ဦးနှောက် ဆဲလ်တွေကို နိုးကြားတက်ကြွ စေနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ ကောင်းသော လက္ခဏာ မဟုတ်ပါဘူးတဲ့။ ဘာကြောင့်လည်း ဆိုရင် ဆိုးကျိုး ၉၉ ရာခိုင် နှုန်းမှာ ကောင်းကျိုးက ၁ ရာခိုင်နှုန်းပဲ ပါဝင်နေတဲ့ အတွက်ကြောင့် ဖြစ်ပါ တယ်။

တကယ်တော့ ဆေးလိပ်မှာ ဓာတ်အမျိုးအစားပေါင်း ၃၉ မျိုးလောက်နဲ့ ဖွဲ့စည်းထားပြီး အဲဒီထဲမှာ အဆိုးဆုံးက နီကိုတင်း ဓာတ်ပါ။ နီကိုတင်းဓာတ်ရဲ့ စွဲလမ်းစေမှုကြောင့် ဆေးလိပ် သောက်သုံးသူများဟာ ဆေးလိပ်ကို စွဲသောက် ဖြစ်ကြတယ်လို့ သုတေသီတွေက ဆိုပါတယ်။ အခြားသော ဓာတ်တွေကြောင့် ခန္ဓာကိုယ်တွင်းက ဆဲလ်တွေ ထိခိုက်ပြီး သွေးကြောများ ပျက်စီးဆုံးရှုံး နိုင်ပါတယ်။ အဆိုးဆုံးကတော့ အဆုတ်ကို အများဆုံး ထိခိုက်စေနိုင်ပြီး အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်မှု အများဆုံးဖြစ်တဲ့အကြောင်း သုတေသီများမှ ပြောကြား ထားပါတယ်။

By Royal Hero Media

No comments:

Post a Comment