Tuesday 2 October 2012

Apple ကထုတ် တဲ့ iOS 6 မှာ ပါဝင်လာသော နည်းပညာအသစ်များ


အခု Apple ကထုတ် လိုက်တဲ့ iOS 6 မှာ အသစ် ပါဝင်လာတာတွေ ကတော့ အများကြီးပါ။ အဲဒီ အထဲက နည်းပညာ အသစ်တွေကို ပြောရမယ် ဆိုရင်

...၁)DND
Do Not Distrub Setting ထဲမှာ DND လို့ခေါ်တဲ့ Do Not Distrub ဆိုတဲ့ စနစ် ပါဝင်လာပြီး အလုပ် မအားတဲ့ အချိန်မှာပဲ ဖြစ်ဖြစ်၊ ကိုယ်မအားတဲ့ အချိန်မှာပဲ ဖြစ်ဖြစ် အွန်လိုင်း တက်ထားမိရင် Facebook တို့၊ Twitter တို့က Notification တွေရယ် Skype က နေခေါ်တဲ့ အချိန်မှာ အသံတွေ ကြားတာတွေကို မပေါ်လာ အောင် ဖျောက်ထား ပေးနိုင်ပါတယ်။

၂) World Clock (အချိန်၊ ရာသီဥတု အခြေအနေ၊ အပူချိန်)နောက်ထပ်အသစ်ထပ်ပါ လာတာ ကတော့
World Clock လို့ ခေါ်တဲ့ နာရီပါပဲ။ အရင် iOS 5 အထိ မပါဝင်ဘဲ အခု iOS6 ကျမှ ပါဝင်တာပါ။ သူက တစ်ကမ္ဘာလုံးရဲ့ စံတော် ချိန်ကို ကြည့်လို့ရမှာ ဖြစ်ပါတယ်။ အဲဒါအပြင် အဲဒီမြို့ရဲ့ ရာသီဥတုနဲ့ နေ့အပူချိန်
တွေကိုလည်း ကြည့်လို့ ရပါသေးတယ်။

၃) Facebook
ယခင်က iOS5 အထိ Facebook ကို Apps Store ကနေ Download လုပ်နေရတုန်းပါ။ အခု တော့ Facebook ကို တရားဝင် ထည့်သွင်းပေး လိုက်ပါတယ်။

၎) Twitter
Twitter ကိုလည်း iOS5 အထိ မပါဝင်ဘဲ အခု တရားဝင် ထည့်သွင်း ပေးထားပါတယ်။

၅) Siri
Siri ဆိုတာက ကိုယ်လုပ် ချင်တာကို အသံနဲ့ ထိန်းချုပ်လို့ရတဲ့ စနစ် တစ်ခု ဖြစ်ပါတယ်။ ဥပမာ အားဖြင့် ဒီနေ့ မိုးရွာနိုင်လားဆိုတာနဲ့ ချက်ချင်း နားလည်နိုင်စွမ်းရှိပြီး ပြန်လည်ဖြေကြားပေးနိုင်တဲ့ System တစ်ခု
ဖြစ်ပါတယ်။ အဲဒါအပြင် ATM Card,Bank နဲ့ တခြား နေရာတွေကို ရှာဖွေ ပေးနိုင်ပါ သေးတယ်။ ဒီစနစ်က iPad မှာဆိုရင် New iPad မှာပဲ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ အဲဒါအပြင် iOS 6 မှာပါဝင်လာတဲ့ Siri အသစ် က မေးသမျှကို ဖြေနိုင်အောင်လို့ မေးခွန်း တော်တော်များများကို ထပ်ပြီးတော့ ထည့်သွင်း ပေးထားပါသေး တယ်။

၆) Passbook
QR Code စနစ် ခေတ်စား လာတဲ့ အချိန်မှာ ဘယ်ကိုသွားသွား လက်မှတ် အများကြီး ကိုင်ဆောင်စရာ မလိုအပ်အောင်လို့ Apple က ပြုလုပ်ပေးလိုက် တာလို့ ပြောလို့ရတဲ့ QR စနစ် အသုံးပြု ထားတဲ့ Passbook ကို ပြောပြ ပေးချင်ပါတယ်။ ဥပမာ-လေယာဉ်နဲ့ ခရီးသွားမယ် ဆိုရင် အွန်လိုင်းချိတ်ပြီး ဝယ်လိုက်ပြီးတော့ ရလာတဲ့ Ticket လေးကို သိမ်းထားရုံနဲ့ လေယာဉ်ပေါ် တက်ခါနီးမှာ QR Code ကို Scan ဖတ်ပြီးလေယာဉ်
ပေါ် တက်သွားရုံပါပဲ။ အဲဒါအပြင် Discount Card တွေကိုလည်း ဖုန်းထဲမှာ သိမ်းဆည်း ထားနိုင်ပြီး Discount ချထားတဲ့ ဆိုင်တွေမှာ အဲဒီ Discount Card အနေနဲ့ QR Code ကို အသုံးပြု လို့ရမှာပါ။ အဲဒါကြောင့် ဖုန်းတစ်လုံး၊ iPad တစ်ခုတည်းကနေ အားလုံးဖြစ်နေပြီလို့ ပြောလို့ ရမှာပါ။

By The Voice Weekly

Photo - Aye Chan Mon

No comments:

Post a Comment