Friday 19 October 2012

ဆောင်းရာသီ ကိုယ်အလေးချိန် ထိန်းနည်းများ


ဆောင်းရာသီ ကိုယ်အလေးချိန် ထိန်းနည်းများဆောင်းရာသီမှာ သက်သောင့် သက်သာ လုပ်ဆောင်နိုင်ပြီး ကိုယ်အလေး ချိန်ကိုလည်း ထိန်းချုပ်နိုင်မယ့် အလွယ်နည်းတွေ ကို ဖော်ပြ လိုက်ပါတယ်။

၁. ဥယျာဉ်ခြံမြေစိုက်
ပျိုးပါ
သစ်ပင်ပန်းမန်တွေကို ပြုစုပျိုးထောင်တာကြောင့် ဥယျာဉ် မှူးတွေမှာ စိတ်ခံစားမှုကောင်းစေတဲ့ ဆီရိုတိုနင်ဓာတ်တွေ အထွက်တိုးလာစေပါတယ်။ ဒါ့အပြင် သစ်ပင်တွေကို ပေါင်း သင်တာ၊ ရေလောင်းတာ၊ မလိုအပ်တဲ့ အမှိုက်တွေကို ရှင်းလင်း တာတွေလုပ်ရတဲ့အတွက် ကိုယ်လက်လှုပ်ရှားမှုဖြစ်စေတာ ကြောင့် ကိုယ်အလေးချိန်ကျစေပါတယ်။

၂.အိမ်မှာ ချက်ပြုတ်စားသောက်ပါ
အိမ်မှာ ချက်ပြုတ်စားသောက်တာကြောင့် အလုပ်ရှုပ် တယ်ဆိုပေမယ့် အရသာရှိပြီး လတ်ဆတ်တဲ့ ဟင်းသီးဟင်း ရွက်တွေ၊ အဆီနည်းအသားတွေကို ကိုယ်တိုင်စီမံထားတာ ကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းလျာတွေကို စား ရပါတယ်။ လေ့လာမှုအရ အပြင်ထွက် စားတဲ့ ညစာတစ်ကြိမ်ဟာ အိမ်မှာ ညစာ စားတာထက် ပျမ်းမျှအားဖြင့် ကယ်လိုရီ ၁၄၄ ပိုရရှိစေတယ်လို့ သိရပါတယ်။

၃. ကျောင်းသားတစ်ဦးကဲ့သို့ အိပ်စက်ပါ
ဆောင်းရာသီမှာ နေဝင်တာ စောပါတယ်။ ဒါကြောင့် ကျောင်းသူ၊ ကျောင်းသားတွေက ညဘက်စောစော အိပ်ရာ ဝင်လေ့ရှိကြပါတယ်။ ညဘက်စောစော အိပ်ရာဝင်ကာ တစ်ညမှာ ၇-၈နာရီခန့် အိပ်စက်တာကြောင့် စိတ်ကြည်လင် လန်းဆန်းမှု ဖြစ်ပေါ်တဲ့အပြင် ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေပါတယ်။ အိပ်ရေးပျက်ရင် အထွက်များတဲ့ လက်ပ် တင်ဟော်မုန်းတွေက အစာစားချင်စိတ်ကို ဖြစ်ပေါ်စေလို့ပါ။

၎. ကိုယ်အလေးချိန်ကို မကြာခဏ မချိန်ပါနှင့်
နေ့စဉ်လိုလို ပေါင်ချိန်စက်ပေါ်တက်ပြီး ကိုယ်အလေးချိန် တိုင်းတာကို ရှောင်ပါ။ ပြောင်းလဲမှုမရှိတဲ့ ကိုယ်အလေးချိန် ကြောင့် စိတ်ပျက်လက်ပျက်ဖြစ်ကာ ကိုယ်အလေးချိန်လျှော့ချ တဲ့ အစီအစဉ်ကို လက်လျှော့ပစ်လိုက်တာမျိုး ဖြစ်တတ်လို့ပါ။ ဒါက ကျပ်လွန်းတဲ့ ဂျင်းဘောင်းဘီကို ဝတ်ပြီး စိတ်အနှောင့်အ ယှက်ဖြစ်နေရတာနဲ့ ခံစားချက်ချင်းတူပါတယ်။

၅.စိမ်းစိုသော ပတ်ဝန်းကျင်တွင် လမ်းလျှောက်ပါ
စိမ်းစိုတဲ့ နေရာဒေသမှာ လမ်းလျှောက်တာကြောင့် စိတ် ဖိစီးမှုလျော့ကျပြီး ဦးနှောက်ကို ကြည်လင်လန်းဆန်းစေပါ တယ်။ ဒီလိုစိတ်ခံစားချက်ကောင်းတဲ့ အသိကြောင့် နေ့စဉ် ပုံမှန် လမ်းလျှောက်ထွက်ချင်စိတ်ကို ဖြစ်ပေါ်စေတာကြောင့် ကိုယ်လက်လှုပ်ရှားမှုကို ဖြစ်ပေါ်စေပါတယ်။

By ရိုးရာလေး

No comments:

Post a Comment