Saturday 20 October 2012

သွေးဆုံးမှုကြောင့် ဝခြင်းမဟုတ် အဆီများ နေရာရွှေ့  ခြင်းကြောင့်သာဖြစ်


ယခင်ကလက်ခံထားသော သွေး ဆုံးလျှင်ဝလာတတ်သည်ဆိုသည့် အယူအဆမှားယွင်းကြောင်း၊ ခါးပတ် လည်တဝိုက်အဆီစုလာခြင်းသာဖြစ် ကြောင်း၊ ထိုအဆီများသည်လည်း တင်ပါးမှရွှေ့ပြောင်းလာခြင်းဖြစ် ကြောင်းသုတေသနဆောင်းပါး တစ် ပုဒ်အရသိရသည်။

သွေးဆုံးသူများအတွက် အပြည် ပြည်ဆိုင်ရာလူ့အဖွဲ့အစည်း (International Menopause Society)၏ သုတေသီများက သွေးဆုံးခြင်းနှင့် ကိုယ်အလေးချိန် ဆက်စပ်မှုရှိပုံကို လေ့လာခဲ့ကြသည်။
သွေးဆုံးပြီးနောက် ကိုယ်အ လေးချိန်တက်လာခြင်းသည် ဟော် မုန်းအပြောင်းအလဲများကြောင့် မဟုတ်ကြောင်း ဖော်ထုတ်ခဲ့ကြသည်။ သွေးဆုံးပြီးနောက် အမျိုးသမီး ဟော် မုန်းဖြစ်သည့် အီစထရိုဂျင်ကျဆင်း လာရာ ခန္ဓာကိုယ်အဆီပြင် ဖြန့်တည် ပုံပြောင်းလဲပြီး တင်ပါးမှအဆီများ ဝမ်းဗိုက်နှင့်ခါးတဝိုက် ပြောင်းရွှေ့စု ဝေးလာသည်ဟု သုတေသီများကဆို ထားသည်။
အနောက်တိုင်းအမျိုးသမီး တစ် ဦးသည် အသက်ငါးဆယ်ကျော်လာ သည်နှင့် တစ်နှစ်လျှင် ဝ.၅ ကီလို (၁.၁ ပေါင်)ခန့် ကိုယ်အလေးချိန် တက်လာသည်ဟု ယခင်ကသုတေသနပြုထားခဲ့ကြသည်။ ကိုယ်အလေးချိန် တက်ခြင်းမှာ မျိုးဗီဇကြောင့်ဖြစ် တတ်ပြီး အမူအကျင့်များ ၊ အထူး သဖြင့် ကိုယ်လက်လှုပ်ရှားမှုနည်း သည့် နေထိုင်မှုပုံစံ၊ အဆီနှင့်သကြား ဓါတ်ကဲသည့် သရေစာစားသုံးမှုတို့ ကြောင့်လည်း သွေးဆုံးပြီးနောက် ကိုယ်အလေးချိန်တိုးလာတတ်သည်။
''သုတေသနရဲ့ ဆိုလိုရင်းက တော့ သွေးဆုံးခါနီးအမျိုးသမီးတွေ အနေနဲ့ ကိုယ်အလေးချိန်ပြဿနာ မပေါ်သေးခင်ကတည်းက ကိုယ်အ လေးချိန်မတက်အောင် ပြင်ဆင်ထား ရပါမယ်။ သွေးမဆုံးသေးလို့ ကိုယ့် ကိုယ်ကို ဂရုမစိုက်ဖြစ်သေးရင်လည်း သွေးဆုံးတဲ့အချိန်ရောက်လာတာနဲ့ ကိုယ်အလေးချိန်မတက်အောင် သတိ ထားထိန်းသိမ်းတတ်ဖို့လိုပါတယ်'' ဟု သုတေသနကိုဦးဆောင်သူ ဒေါက်တာ ဆူဆန်ဒါးဗစ်စ်က သတင်းစာရှင်း လင်းပွဲတစ်ခုတွင် ပြောကြားသည်။
သွေးဆုံးပြီးနောက် ဝလာခြင်း သည် ထိန်းသိမ်းရခက်သည့် ဟော် မုန်း အပြောင်းအလဲကြောင့်မဟုတ်ဘဲ အဆီရွေ့လျားမှုနှင့် အပြုအမူအမှား များကြောင့်ဖြစ်ရာ အမျိုးသမီးများ သွေးဆုံးချိန်နီး ကပ်လာသည်နှင့် အစားအသောက်ဆင်ခြင်ခြင်း၊ ကိုယ် လက်လှုပ်ရှားနေခြင်းဖြင့် အဝလွန်ခြင်း ကိုတားဆီးနိုင်ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ထပ်လောင်းပြောကြား သည်။
သုတေသနကို ၁၈.၁ဝ.၂ဝ၁၂ တွင်ကျရောက်သည့် သွေးဆုံးဝေဒနာ ကမ္ဘာ့အထိမ်းအမှတ်နေ့ (World Menopause Day) မတိုင်ခင်ထုတ် ဝေသည့် Climacteric ဂျာနယ်တွင် ဖော်ပြထားသည်။
ဇော်ကို
Source: MDI

By Health Updates Journal

No comments:

Post a Comment