Sunday 21 October 2012

“Facebook မှာ Tag လုပ်တာတွေကို လူတွေ ချက်ချင်းမမြင်အောင် ဘယ်လိုလုပ်ကြမလဲ?”


တစ်ခါတစ်လေမှာ မိမိကို Tag လုပ်ထားတာတွေကို လူတွေမမြင်အောင် လုပ်ချင်ကြတဲ့ အခါမျိုး ရှိကြမှာပါ။ ကိုယ့်ကို Tag လုပ်ထားတဲ့ပုံမှာ ကိုယ်က ရုပ်ဆိုးနေလို့  ဖြစ်စေ၊ Check-in တွေမှာ Tag လုပ်တာတွေကို မကြိုက်လို့  ဖြစ်စေ မိမိ Wall
မှာမပေါ်စေချင်ရင်တော့ ကျနော်ပြောမယ့် နည်းလမ်းလေးက အသုံးဝင်မယ်ထင်ပါတယ်။ Facebook မှာမိမိကို Tag လုပ်လို့  မရအောင်တော့ လုပ်လို့ မရပါဘူး။ ဒါပေမယ့် မိမိကို Tag လုပ်ထားတာကိုတော့ ချက်ချင်း မိမိ Wall မှာမပေါ်အောင်လုပ်လို့  ရပါတယ်။ ဒီနည်းလေးကို သိတဲ့သူတွေလည်း သိပြီးဖြစ်မှာပါ။ အခုတော့ မသိသေးတဲ့သူများအတွက် ရည်စူးပါတယ်။

မိမိကို Tag တာတွေကို ချက်ချင်း မိမိ Wall မှာမပေါ်စေချင်ဘူးဆိုရင် မိမိ Account ရဲ့ညာဖက်အပေါ်နားက Home ဘေးနားမှာရှိတဲ့ မျှားလေးကို နှိပ်ပြီး Privacy Settings > Timeline and Tagging > Edit Settings > Review posts friends tag you in before they appear on your timeline ကိုသွားပြီး Enabled လုပ်ပေးလိုက်ပါ။ ဒါဆိုရင် ကိုယ့်ကို ဓာတ်ပုံတွေမှာဖြစ်ဖြစ် Check-in တွေမှာဖြစ်ဖြစ် Tag လုပ်လိုက်လျှင် ချက်ချင်းမိမိ Wall တွင်ပေါ်လာတော့မည် မဟုတ်တော့ပါ။ မိမိ Profile ရှိ Activity Log တွင်သာ Noti လေးဝင်နေတာကိုသာ တွေ့ ရပါလိမ့်မယ်။ Activity Log တွင် မိမိကို Tag လုပ်တာ ရှိသလောက် Noti တက်နေမှာ ဖြစ်ပါတယ်။

အဲဒီ Activity Log ကိုသွား၍ မိမိကို Tag ထားတာကို မိမိ Wall တွင်ပေါ်စေချင်ရင်တော့ Approve (အမှန်ခြစ်) လုပ်၍ မပေါ်စေချင်ဘူးဆိုရင်တော့ Dismiss (အမှား) ကိုနှိပ်ပေး၍ ရပါတယ်။ မိမိကနေ၍ အဲဒီ Activity Log ထဲမှာ Approve မနှိပ်မခြင်း အဲဒီ Tag လုပ်ထားတဲ့ post တွေကို မိမိ Wall မှာမြင်ရမှာ မဟုတ်ပါဘူး။ Dismiss လုပ်လိုက်လျှင်တော့ ထိုပုံမှာ မိမိ Wall တွင်သာ မပေါ်တော့တာ ဖြစ်ပါတယ်။ Tag ကတော့ ရှိနေအုံးမှာ ဖြစ်ပါတယ်။ အကယ်၍ လုံးဝကို Tag ဖြုတ်ချင်လျှင်တော့ အဲဒီမိမိကို Tag ထားတဲ့ဟာဆီကိုသွား၍ Tag ကို သွားဖြုတ်မှသာ ရမှာဖြစ်ပါတယ်။


ထို့ အတူ မိမိမှာရှိတဲ့ Post တွေမှာလည်း သူများတွေကလာ Tag တာတွေကို မိမိက Approve/Dismiss လုပ်ချင်တယ်ဆိုလျှင်တော့ Privacy Settings > Timeline and Tagging > Edit Settings >Review tags friends add to your own posts on Facebook မှာသွားပြီး Enabled လုပ်ပေးလိုက်ရင်ရပါတယ်။ အဲဒါဆိုရင်လည်း ကိုယ့်ဓာတ်ပုံတွေဘာတွေမှာ ကိုယ်နဲ့  မသိတဲ့လူတွေ ကိုယ် Tag မလုပ်စေချင်တဲ့လူတွေလာ Tag နေတာကို ကာကွယ်လို့ ရပါတယ်။

IT4M Member များအားလုံး ကိုယ်စိတ်နှစ်ဖျာ ကျန်းမာချမ်းသာ ကြပါစေ။

IT4M

By Info Tech For Myanmar (IT4M)

http://www.facebook.com/techforeveryone009?ref=stream

No comments:

Post a Comment