Friday, 26 October 2012
အစာအိမ်နှင့် အူ လမ်းကြောင်း တွင် တွေ့ရသော ဟောမုန်းများ
အစာ အိမ်နှင့် အူလမ်းကြောင်း မှာ ဟော်မုန်း ၂၀ ကျော်၊ ၃၀ နီးပါး ထုတ်လုပ် တယ်။ ဒီဟော်မုန်း တွေဟာ Amino Acid တွေနဲ့ ဖွဲ့စည်းထားတဲ့ Peptides တွေဖြစ်တယ်။ Peptides ခေါ်တဲ့ ဟော်မုန်းတွေကို အခြား Tissue တွေမှာလည်း တွေ့တယ်။ အထူးသဖြင့်
ဦးနှောက်ထဲမှာ တွေ့ တယ်။ သူတို့ဟာ နည်း ၂ မျိုးနဲ့ အာနိသင်သက် ရောက်တယ်။ နည်း တစ်မျိုး ကတော့ ထုတ်လုပ်တဲ့ ကလာပ် စည်းရဲ့ အနီးအနားမှာ ရှိတဲ့ ကလာပ် စည်းတွေ ပေါ်မှာ အာနိသင် သက်ရောက် တဲ့နည်း ဖြစ်တယ်။ ဒါကို Paracrine အာနိသင်လို့ ခေါ်တယ်။ ဒီလိုသက် ရောက်တဲ့အခါ သူတို့ကို Peptides လို့ပဲ ခေါ်တယ်။ ဟော်မုန်း လို့မခေါ်ဘူး။ ဒါပေမယ့် နောက်တစ်နည်းအနေနဲ့ ဒီ Peptide တွေဟာ သွေးထဲကို ရောက်သွားပြီး အခြားအင်္ဂါ တွေပေါ်မှာ သက် ရောက်ရင် ဟော်မုန်းလို့ခေါ် တယ်။ အစာအိမ်နဲ့ အူလမ်းကြောင်း က ထုတ်လုပ်တဲ့ ဟော်မုန်းတွေကို လေ့လာကြည့်မယ်။ ဒီဟော်မုန်းတွေက တော့-
■ Gastrin (ဂက်စထရင်)
■ Somatostatin (စိုမာတိုစတတင်)
■ Secretin (စီခရီတင်)
■ Cholecystokinin (CCK) (ကိုလီစစ်စတိုကိုင်နင်)
■ Fibroblast Growth Factor 19 (FGF 19) (ဖိုက်ဘရိုဘလက်စ် ဂရို့သ် ဖက်တာ)
■ Incretins (အင်ခရီတင်)
■ Ghrelin (ဂရီလင်)
■ Neuropeptide Y (NPY) (နျူရိုပက်ပ်တိုက် ဝိုင်)
■ Peptide YY 3-36 [PYY (3-36)]
■ Motilin
■ Substance P တို့ ဖြစ်ကြတယ်။
တကယ်တော့ ဟော်မုန်းတွေကို သူတို့ရဲ့ ဓာတုဗေဒ ဖွဲ့စည်းပုံချင်း ဆင်တူမှု အလိုက် အုပ်စုဖွဲ့ ထားတာတွေ လည်းရှိတယ်။
၁။ Gastrin-Cholecystokinin ဒီအုပ်စုထဲမှာ ပါဝင်တဲ့ Hormone ဟော်မုန်း တွေကတော့ Gastrin နဲ့ Cholecystokinin ဖြစ်တယ်။
၂။ Secretin Family ပါဝင်တဲ့ ဟော်မုန်းတွေ ကတော့ Secretin, Glucagon, Vasoactive Intestinal Peptite (VIP) နဲ့ Gastric Inhibitory Peptite (GIP) တို့ဖြစ်တယ်။
၃။ Somatostatin Family
၎။ Motilin Family
၅။ Substance P တို့ဖြစ်ကြတယ်။ Grastin အစာအိမ်ဟာ စားလိုက်တဲ့ အစာ ကို လက်ခံရုံ သာမက အစာခြေဖျက် တဲ့ လုပ်ငန်းလည်းလုပ်တယ်။ အစာအိမ် ရဲ့ အပေါ်ပိုင်းမှာ Gastric Juice အစာအိမ်စစ် ထုတ်ရည်ပေးတဲ့ Exocrine Cells တွေရှိတယ်။ တစ်ခု က Chief Cells လို့ခေါ်တယ်။ Pepsinogen ဆိုတဲ့ အစာခြေရည် ကို ထုတ်ပေးတယ်။ နောက်တစ်ခုက Parietal Cells လို့ခေါ်တယ်။
Hydrochloric Acid အရည်ကို ထုတ်ပေးတယ်။ ဒါ့အပြင် Neuroendocrine Cell လို့ခေါ်တဲ့ Enterochromaffin Like (ECL) Cells တွေ ရှိသေးတယ်။ သူတို့က တော့ Exocrine Cell မဟုတ်ဘူး။ Endocrine Cells တွေဖြစ်တယ်။ အစာအိမ် အပေါ်ပိုင်းဟာ အစာကို လက်ခံတဲ့အပိုင်းဖြစ်တယ်။ Pepsinogen နဲ့ Acid ပါတဲ့ စစ်ထုတ် ရည်ကိုထုတ်ပေးတယ်။ Pepsinogen က Acid နဲ့တွေ့တဲ့အခါ Pepsin ဖြစ်လာပြီး Protein အသားဓာတ်ကို ဖြိုခွဲတယ်။ အစာအိမ် အောက်ပိုင်းကို Antrum လို့ခေါ်တယ်။ သူက အစာ ကို ကြိတ်ခြေတဲ့ အပိုင်းဖြစ်တယ်။ သူ့ မှာ ဟော်မုန်း ထုတ်နိုင်တဲ့ G-Cell နဲ့ D-Cell ၂ မျိုးရှိတယ်။ G-cell က Gastrin ကိုထုတ်ပေးတယ်။ Gastrin က သွေးထဲကိုရောက်သွားပြီး Parietal Cells ကို Acid ထုတ်စေ တယ်။
နောက်တစ်နည်း ကလည်း ECL Cell ပေါ်က Gastrin Receptor ပေါ်မှာပေါင်းပြီး ECL ဆဲလ်ကနေ Histamine ကိုထုတ်စေ တယ်။ Histamine က Parietal Cell ကို အက်စစ် ထုတ်ပေး စေတယ်။ Gastrin Receptor ကို CCK2 Receptor (Cholecystokin) လို့လည်းခေါ်တယ်။ အစာအိမ်ထဲမှာ Acid များလာ ရင် ပြန်ပြီး ဟန့်တား ရတယ်။ Acid တွေက Antrum ထဲက D-cell ကို လှုံ့ဆော်ပြီး Somatostatin (SST) ကို ထုတ်စေတယ်။ Somatostatin က G-cell ကို ပိတ်တယ်။ Gastrin အထွက်နည်းသွားတယ်။ Gastrin အထွက်နည်းရင် Acid အထွက် နည်းတယ်။ ဒါကို Negative Feedback လို့ခေါ်တယ်။ Gastrin ဟာ အစာအိမ်ရဲ့ နောက်ဆုံးအပိုင်း Antrum ရဲ့ ညှစ် အားကို ကောင်းစေတယ်။ Pancreas ကိုလည်း စစ်ထုတ်ရည်တွေ ထွက်အောင် လှုံ့ဆော်တယ်။ သည်း ခြေအိတ် Gall Bladder ကိုလည်း ညှစ်စေတယ်။ Gastrin ၃ မျိုးရှိတယ်။
၁။ Big Gastrin - Gastrin - 34
၂။ Little Gastrin - Gastrin - 17
၃။ Minigastrin - Gastrin - ၁၄ တို့ဖြစ်ကြတယ်။ Minigastrin က Active အဖြစ်ဆုံး၊ အစွမ်းထက်ဆုံး ဖြစ်တယ်။
ဒီဟော်မုန်း တွေရဲ့ နောက်ဆုံးအပိုင်း Amino Acid ၅ ခုကို ဓာတ်ခွဲခန်း တွေမှာ တည်ဆောက် ယူတယ်။ ဒါကို Pentagastrin လို့ခေါ်တယ်။ နံပါတ် တွေက Amini Acid အရေအတွက် ကို ပြောတာဖြစ်တယ်။ Gastrin ဟာ အစာအိမ် တင်း လာရင် ထွက်တယ်။ Vagus Nerve ကို လှုံ့ဆော်ရင်လည်း ထွက်တယ်။ Protein တွေ ပြိုကွဲတဲ့အခါရတဲ့ Peptide တို့၊ Amino Acid တို့က လည်း Gastrin ကို ထွက်စေ တယ်။ သွေးထဲမှာ Calcium ဓာတ်များရင် လည်း Gastrin အထွက်များတယ်။ Acid အထွက်များရင် Gastrin အထွက်ကို နည်းစေတယ်။
Somatostatiin (SST), (GIP), (VIP), (Glucaton), (Calcitonin) ဟော်မုန်း တွေကတော့ အထွက်နည်း စေတယ်။ Pancreas တို့ Duodenum တို့မှာရှိတဲ့ G-cell တွေက Gastrinoma လို့ခေါ်တဲ့ အလုံး Tumor ဖြစ်တယ်။ Gastrinoma လို့ခေါ် တယ်။ Gastrin တွေကို အများကြီး ထုတ်တယ်။ သွေးထဲမှာ Gastrin တွေ များလာတယ်။ သွေးထဲမှာ Gastrin များရင် အစာအိမ်ထဲမှာ လည်း Acid တွေ အများကြီး ထွက် တယ်။ ဒါကြောင့် အစာအိမ်နဲ့ အူသိမ် မှာ အနာတွေ အများကြီးတွေ့ရတယ်။ ဒီအခြေအနေကို Zollinger-Ellinson Syndrome လို့ခေါ်တယ်။ Atrophic Gastritis မှာတော့ Acid ထုတ်ပေးတဲ့ Parietal Cells တွေက ပျက်စီးသွားတယ်။ ဒါကြောင့် Acid မထွက်ဘူး။ Acid မထွက်တဲ့ အတွက် Acid တွေ ထွက်လာ အောင် လှုံ့ဆော်ပေးရတဲ့ Gastrin တွေ အများကြီးထွက်လာရတယ်။ ဒါပေ မယ့် Parietal Cells က ပျက်နေ တော့ Acid က မထွက်ဘူး။ Hypergastrinaemia ခေါ်တဲ့ သွေးထဲမှာ Gastrin များနေပေမယ့် Atrophic Gastritis မှာ Acid က မထွက်ဘူး။ Gastrinoma မှာတော့ သွေးထဲမှာ Gastrin လည်းများတယ်။ အစာအိမ် ထဲက Parietal Cell တွေကနေ Acid လည်း အလွန်အထွက် များတယ်။ Acid ထုတ်လုပ်မှုနှင့် ပတ်သက် ပြီး သွေးထဲက Gastrin နဲ့ယှဉ်ပြီး ရောဂါရှာဖွေ နိုင်တယ်။ အစာမစားဘဲ Acid ထုတ်လုပ် နိုင်မှုတိုင်းတာ ကို Basal Acid Output (BAO) လို့ခေါ် တယ်။ Pentagastrin ထိုးပြီး Acid ကို ထုတ်အောင် လုပ်ပြီး တိုင်းတာတဲ့ Maximal Acid Output (MAO), Peak Acid Output (PAO) တို့ကို တိုင်းတာတာ တွေလည်း ရှိတယ်။
ပါမောက္ခ ဒေါက်တာ သံစစ်
အေးချမ်းမွန်မှ HEALTH DIGEST တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :HEALTH DIGEST
By Aye Chan Mon
Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment