ချစ်စနိုးတိစ္ဆာန်လေးများဆီမှ ရောဂါပိုးမွှား အမျိုးမျိုး လူသို့
ကူးစက်နိုင်ပါသည်။ သူတို့ နှစ်သက်စွာ စားသုံးကြသော ကြက်သား၊ ငါး စသည့် အသားငါးများမှလည်း ရောဂါပိုးမွှားများ လူတို့ဆီသို့ ရောက်ရှိနိုင်ပါသေးသည်။
တိရစ္ဆာန်ချစ်တတ်သော သူတို့အနေဖြင့် မိမိ၏ ချစ်စနိုးအိမ်မွေးတိရစ္ဆာန်များထံမှ ကူးစက်တတ်သော ရောဂါများကို သိရှိ၍ သတိပြုကာကွယ်နိုင်စေရန် ဖော်ပြလိုက်ပါသည်။
ကြက်တူရွေးဖျားနာ (Parrot Fever)
ရောဂါရှိသော ကြက်တူရွေးများ၊ ကြက်တောများ၊ ခိုများ၊ နှံပြီစုတ်များ၊ ကြက်များ စသည်တို့၏ အမွေးအတောင်များမှ ဖုန်မှုန့်များ၊ ထိုငှက်တို့၏ အညစ်အကြေးများမှ အမှုန်အမွှားတို့ကို ရှူရှိုက်မိသောအခါ ကြက်တူရွေးဖျားဖြစ်စေသော ဘက်တီးရီးယားပိုးသည် လူ၏ကိုယ်တွင်းသို့ ရောက်ရှိလာ၏။ ကြက်တူရွေးဖျားသည် တုပ်ကွေးနှင့်တူသော ရောဂါလက္ခဏာ ဖြစ်စေသည်။
သို့သော် ရောဂါပိုးကူးစက်ခံရသော ငှက်များမှာ နာဖျားလေ့မရှိပါ။ ထိုငှက်၏ မစင်ကို စမ်းသပ်စစ်ဆေးမှသာ ရောဂါပိုး ကူးစက်ခံနေရကြောင်း သိနိုင်သည်။ ထိုရောဂါအတွက်ထိရောက်သော ကုသမှုမှာ တက်ထရာဆိုက်ကလင်းဆေးပင် ဖြစ်ပါသည်။
By MgMandalay

No comments:
Post a Comment