Saturday 29 September 2012

စပျစ်သီးအစေ့ ပိုလီဖီနောမှ အယ်ဇိုင်းမား ရောဂါကို ကာကွယ်ပေးနိုင်

မောင့်ဆိုင်နိုင်း ဆေးကျောင်းမှ သုတေသီများရဲ့ ရှာဖွေတွေ့ရှိချက်အရ သဘာဝ အန်တီအောက်စီးဒင့် ဖြစ်တဲ့ စပျစ်သီး အစေ့ရဲ့ ပေါ်လီဖီနောဟာ အယ်ဇိုင်းမား ရောဂါကို ကာကွယ် တားဆီးရာမှာ အထောက်အကူ ပေးကြောင်း ပြောပါတယ်။
ဂီယူလီအိုပါစီနက်တီ (Giulio Pasinetti) ဦးဆောင် ပြုလုပ်တဲ့ အဆိုပါ သုတေသန ရလဒ်ကို Alzheimer's Disease ဂျာနယ်ဆောင်ရဲ့ အွန်လိုင်းမှ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ယခု တွေ့ရှိမှုဟာ စပျစ်မှ ထုတ်ယူတဲ့ ပေါ်လီဖီနောကို အယ်လ်ဇိုင်းမား ရောဂါ တားဆီးရေး စွမ်းဆောင်နိုင်မှုအတွက် ပထမဆုံး လေ့လာ တွေ့ရှိချက်လည်း ဖြစ်ပါတယ်။ Minnesota နဲ့ Pasinetti တက္ကသိုလ်များမှ သုတေသနရှင် အဖွဲ့များ အတူ ပူးပေါင်းပြီး စပျစ်သီး ပိုလီဖီနောနဲ့ ပတ်သက်တဲ့ စမ်းသပ် ချက်ကို ကြွက်ကလေးများနဲ့ စမ်းသပ်ကြည့်တဲ့အခါ အယ်ဇိုင်းမား ရောဂါ လိုမျိုး အာရုံကြော အဆိပ်မိတဲ့ ရောဂါမှာ ပိုလီဖီနောနဲ့ စမ်းသပ် ကုသ ကြည့်ပြီး နောက် မှတ်ဥာဏ် ဆုံးရှုံးမှုတွေ တဖြည်းဖြည်း လျော့နည်း လာကြောင်း တွေ့ရပါတယ်။

ယခင် လေ့လာတွေ့ရှိချက်အရ စပျစ်သီးအစေ့ ပိုလီဖီနောကို ဝိုင်အနီ (Redwine) ထဲမှာလည်း ပိုလီဖီနော အများဆုံး ပါဝင်ကြောင်း သိရပြီး ဝိုင်နီ သောက်သုံးမှု များလာတာနဲ့အမျှ အယ်ဇိုင်းမား ရောဂါဟာ တဖြည်းဖြည်း ပျောက်ကင်း လျော့နည်းလာမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

အယ်ဇိုင်းမားရောဂါ ဖြစ်ပွားနေတဲ့ လူနာများကို ဆေးကုသရာမှာလည်း စပျစ်သီးအစေ့ ပိုလီဖီနောကို စားသုံးပေးခြင်းအား ရှေးဦးကုသနည်း တစ်ခုအဖြစ် အသုံးပြုသွားမယ်လို့ Pasinetti မှ သုတေသန ပညာရှင်များက ပြောကြားသွားပါတယ်။ အယ်ဇိုင်းမား ရောဂါဟာ ဦးနှောက်အတွင်းရှိ ဆဲလ်များ ယိုယွင်း ပျက်ဆီးပြီး ဆဲလ်များ သေသွားခြင်း ဖြစ်တဲ့အပြင် မှတ်ဥာဏ်နဲ့ စိတ်ပိုင်းဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်မှုများ ဆုံးရှုံးသွားစေတဲ့ ရောဂါ ဖြစ်တယ်လို့ သိရှိရပါတယ်။

By Royal Hero Media

No comments:

Post a Comment