Sunday 7 October 2012

ထမင်းစားပြီး ရှောင်ကြဉ်သင့်သော အချက်ခုနှစ်ချက်...


မြန်မာလူမျိုးတို့၏ အဓိက အစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ် စားသုံးကြသည်ဖြစ်ရာ ထမင်းစားပြီး ရှောင်ကြဉ်သင့်သော အချက် ခုနှစ်ချက်ကို ဖော်ပြလိုက်ရပါသည်။

(၁) ဆေးလိပ်မသောက်ပါနှင့်
...
ကျွမ်းကျင်သူများ၏ လေ့လာသုတေသန ပြုချက်များအရ ထမင်းစားပြီး စီးကရက်တစ်လိပ် သောက်ခြင်းသည် အခြားအချိန်တွင် စီးကရက် ဆယ်လိပ်သောက်ခြင်းနှင့် ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်အလမ်း
အများဆုံး ဖြစ်ကြောင်း သိရှိရသည်။

(၂) သစ်သီးများကို ချက်ချင်းမစားပါနှင့်

ထမင်းစားပြီး သစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ်လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားမည်ဆိုပါက ထမင်းစားပြီး တစ်နာရီအလိုတွင်သာ စားသုံးသင့်သည်။

(၃) လက်ဖက်ရည်မသောက်ပါနှင့်

လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်နှုန်း မြင့်မားပြီး ၎င်းသည် ကျွန်ုပ်တို့ စားသုံးလိုက်သော အစာရှိ ပရိုတိန်းဓာတ်များကို မာကျောစေသည့်အတွက် အစာချေရန် အခက်အခဲ ဖြစ်စေသည်။

(၄) သင်၏ ခါးပတ်ကို မဖြည်လိုက်ပါနှင့်

ထမင်းစားပြီး ခါးပတ်ကို ဖြည်လိုက်ခြင်း(တစ်နည်း အနည်းငယ်လျှော့လိုက်ခြင်း)သည် ဝမ်းအတွင်းရှိ အူကိုခေါက်စေတတ်သည်။

(၅) ရေမချိုးပါနှင့်

ထမင်းစားပြီး ရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့် ခန္ဓာကိုယ်များသို့ သွားသော သွေးပမာဏကိုတိုးပွားစေပြီးအစာအိမ်တစ်ဝိုက်တွင် သွေးပမာဏ လျှော့ကျသွားသည့်အတွက် ကျွန်ုပ်တို့ အစာအိမ်ရှိ အစာချေစနစ်ကို အားနည်းစေသည်။

(၆) လမ်းမလျှောက်ပါနှင့်

လူအများက ပြောနေကြသည်မှာ ထမင်းစားပြီး လမ်းလျှောက်ခြင်းသည် ခြေလှမ်းပေါင်း တစ်ရာ လမ်းလျှောက်ခြင်းနှင့် ညီမျှပြီး အသက် ၉၉ နှစ်အထိ အသက်ရှည်ရှည် နေရမည် ဖြစ်ကြောင်း ပြောဆိုနေကြသည်ကို ကြားဖူးပါသည်။ တကယ်တော့ ထိုသို့ပြုလုပ်လိုက်ခြင်းကြောင့် အစာချေစနစ်သည် ကျွန်ုပ်တို့ စားသုံးလိုက်သော အစာအာဟာရများကို စုပ်ယူရန် အခက်အခဲ ဖြစ်သွားပါသည်။ ထို့ကြောင့် ထမင်းစားပြီး လမ်းမလျှောက်သင့်ပါ။

(၇) ချက်ချင်းမအိပ်ပါနှင့်

ထမင်းစားပြီး ချက်ချင်းအိပ်လိုက်ခြင်းကြောင့် ကျွန်ုပ်တို့ စားသုံးသော အစာများသည် ကောင်းစွာ အစာမကြေနိုင်တော့ပေ။

(ပြန်ကြားရေးဝန်ကြီးဌာန၊ ကျေးလက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက် စီစဉ်ထုတ်ဝေသော “လက်တစ်ကမ်းမှ ရွှေနည်းလမ်းများ” စာအုပ်မှ ဖော်ပြပါသည်။)

News from : Richelle Ko

By Aye Chan Mon

No comments:

Post a Comment