Saturday 27 October 2012

ပန်းသီး၏ ကျန်းမာရေး စွမ်းပကား


တစ်နေ့မှာ ပန်းသီးတစ်လုံးစားရင် ဆရာဝန်နဲ့ ဝေးဝေးမှာ နေနိုင်တယ်ဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်။ ပန်းသီးဟာ အရသာလည်း ရှိလှသလို ကျန်းမာရေးနဲ့လည်း ညီညွတ်မှု ရှိတာကြောင့် ပန်းသီးကနေ
ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေအကြောင်း လေ့လာထားတဲ့ တွေ့ရှိချက် အသစ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အယ်လ်ဇိုင်းမား ရောဂါကို ကာကွယ်ပေးနိုင်ခြင်း

ပန်းသီးမှာ ကွာစီတင်လို့ခေါ်တဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့် ပါဝင်နေတာကြောင့် ဦးနှောက်ဆဲလ်တွေ ပျက်စီးထိခိုက်မှုကနေ ကာကွယ်ပေးနိုင်ပါတယ်။ ပန်းသီး စားတဲ့အခါမှာ ပန်းသီး အခွံကိုပါ စားပေးသင့်ပါတယ်။ အကြောင်းကတော့ ပန်းသီးအခွံမှာ ရောဂါကို တွန်းလှန်ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေ အများကြီး ပါဝင်နေလို့ပါပဲ။ အူမကြီးကင်ဆာကို ကာကွယ်ပေးနိုင်ခြင်း ပန်းသီးတွေထဲမှာ ပါဝင်တဲ့ သဘာဝ အမျှင်ဓာတ်ဟာ အူမကြီးထဲကို ရောက်ရှိတဲ့အခါ ကင်ဆာဆဲလ် ဖြစ်ပေါ်မှုကို တွန်းလှန်ပေးနိုင်တဲ့ ဓာတ်တွေ ထွက်ရှိစေပါတယ်။ သွေးတိုးရောဂါ မဖြစ်အောင် ကာကွယ်ပေးခြင်း နေ့စဉ် ပန်းသီးတစ်လုံးစားတဲ့ အရွယ်ရောက်သူတွေမှာ သွေးတိုးရောဂါ ဖြစ်နိုင်ခြေ ၃၇ ရာခိုင်နှုန်း လျော့ကျမှု ရှိတာကို လတ်တလော လေ့လာမှုတစ်ရပ်အရ သိရပါတယ်။

ဇွန် (Ref;RD)
By Good Health

By Health Articles

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment