Wednesday 24 October 2012

အူမကြီးကင်ဆာ ရောဂါကို ကာကွယ် နိုင်သည့် နည်းလမ်းငါးသွယ်


၁။ ဓာတ်တိုး ဆန့်ကျင် ပစ္စည်း အများအပြား ပါဝင်သော ကော်ဖီ သောက်ပါ

နေ့စဉ် ကော်ဖီသုံးခွက် သောက်တာကြောင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းခန့် လျှော့ချ နိုင်ကြောင်း ဗင်ဒါဗစ်
တက္ကသိုလ်မှ သုတေသီ တွေက ဆိုပါတယ်။ ခန္ဓာကိုယ်တွင်း ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ ဟာ ကော်ဖီမှ Chlorogenic နဲ့ Caffeic အက်စစ်ကို စုပ်ယူခဲ့ရင် ကင်ဆာဆဲလ် အဖြစ် မပြောင်းလဲ ခင်မှာပင် ကြီးထွားမှု ရပ်တန့်သွား တာကြောင့်လို့ ဆိုပါတယ်။

၂။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာများကို နံနက်စာအဖြစ် စားသုံးပါ

မနက်တိုင်း ကောက်နှံ တစ်ခုလုံး ပါဝင်တဲ့ ကွေကာ (Bran Cereal) ကို ခွက်တစ်ဝက်စာ စားသုံး တာကြောင့် အူမကြီး အတွင်း ပုံမှန် မဟုတ်တဲ့ ဆဲလ်ကြီးထွားမှု ဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်း အထိ လျှော့ချနိုင်ကြောင်း USDA ရဲ့ လေ့လာမှု အရ တွေ့ရှိ ခဲ့ပါတယ်။ အမျှင် ဓာတ်တွေဟာ အူ အမြှေးပါး တွေကို ပျက်စီး စေနိုင်တဲ့ သည်းခြေ အက်စစ် တွေနဲ့ ပူးပေါင်း လိုက်တာ ကြောင့်ပါ။ ဒါ့အပြင် အူမကြီး ကင်ဆာ ဖြစ်နိုင်ခြေနဲ့ ဆက်စပ်နေတဲ့ ဝမ်းချုပ်တာ မဖြစ်အောင်လည်း ကာကွယ် ထားနိုင်လို့ပါ။

၃။ ကင်ဆာဖြစ်နိုင်ခြေ ၃၈ ရာခိုင်နှုန်း လျှော့ချနိုင်အောင် သစ်သီးများများစားပါ

နေ့စဉ် ခွက်နှစ်ခွက်ခွဲစာ သစ်သီး စားသုံး သူတွေဟာ ကင်ဆာ အကြို ဖြစ်နိုင်ခြေ အူမကြီး အတွင်း အသားပို (Polyp) ထွက်နှုန်း ၃၈ ရာခိုင်နှုန်း လျော့နည်း သွားနိုင်ပါတယ်။ Polyp ရှိသူတွေဟာ ငါးနှစ်မှ ၁၀ အတွင်း ကင်ဆာ ဖြစ်သွား တတ်လို့ပါ။ သစ်သီးတွေမှာ ကင်ဆာကို တွန်းလှန် နိုင်တဲ့ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေ အများအပြား ပါဝင်လို့ပါ။

၎။ ဟင်းခတ်အမွှေးအကြိုင်များ အသုံးပြုပါ


နနွင်းကို အဝါရောင် ဖြစ်စေတဲ့ ကာကူမင် ဒြပ်ပေါင်းဟာ ၂၄ နာရီ အတွင်း အူမကြီး ကင်ဆာဆဲလ်တွေရဲ့ ၂၅ ရာခိုင်နှုန်းကို ဖျက်ဆီး ပစ်နိုင်တယ်လို့ လူစီယားနား တက္ကသိုလ်မှ သုတေသီ တွေက တွေ့ရှိ ခဲ့ပါတယ်။ နေ့စဉ် ဟင်းချက်တိုင်း နနွင်း အသုံးပြု ပေးပါ။

၅။ အရက်ပမာဏ လျှော့သောက်ပါ

ဝီစကီ၊ ဂျင်မ်၊ ဒါမှမဟုတ် ဗော်ဒကာကို အပတ်စဉ် ကိုးခွက်ထက် ပိုသောက် သူတွေဟာ အူမကြီး ကင်ဆာ ဖြစ်နိုင်ခြေ သုံးဆ ပိုများတယ်လို့ သုတေသီ တွေက ဆိုပါတယ်။ ဒါပေမဲ့ နေ့စဉ် ဝိုင်အနီ တစ်ခွက် သောက်တာ ဟာ ရောဂါ ဖြစ်နိုင်ခြေကို လျှော့ချ နိုင်ပါတယ်။ ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဖလေဗိုးနွိုက်တွေ ပါဝင်လို့ပါ။

By မြ၀တီ

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment