Sunday 9 September 2012

iPhone 5 အတွက် Bluetooth Audio Receiver :Auris

Apple ထုတ် iPhoene, iPad , iPod တို့တင်မဟုတ်ပဲ အခြာ Android , Windows Phone OS များနဲ့လည်း အသုံးပြုလို့ရမယ့် Audio Receiver ကို Auris မှ မိတ်ဆက်ပြသခဲ့ပါတယ်။


iPhone, iPod တို့အတွက် Docking ချသုံးတဲ့ စပီကာတွေ ဟာ နိုင်ငံတကာ မှာ ရေပန်းစားပါတယ်။ ပြည်တွင်းမှာလည်း ပုံမှန် အရောင်းအဝယ်ဖြစ်နေတဲ့ စပီကာများ ဖြစ်ပါတယ်။ ယင်း စပီကာများကို အသုံးပြုမယ်ဆိုရင် မိမိ
iPhone, iPod နဲ့အခြား စမတ်ဖုန်းများကို ပင်ထိုးသလို စပီကာမှာ Docking ချထားရပါတယ်။ iPad , Tablet တို့ဆိုရင်လည်း ဝါယာကြိုးနဲ့ သွယ်ရပါတယ်။ ဒီတော့ Docking ချထားရင် အခြား Application တွေအသုံးပြုလို့ မရတော့ပါဘူး။ ဝါယာကြိုးနဲ့ Tablet ကို သွယ်ရင်လည်း ကြိုးအရှည်ထက်ပို ဆွဲလို့ မရပါဘူး။ ဒီတော့ ကြားမှ Bluetooth device ခံသုံးဖို့အတွက်လည်း Bluetooh Audio Receiver လိုအပ်လာပါတယ်။ အဲဒီ တွေထဲက Auris Audi Receiver ကတော့ ယခုမှ ထွက်ရှိတာ ဖြစ်ပါတယ်။ iPhone 5 အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာ လို့ ဆိုပါတယ်။ အခြား မော်ဒယ်များနဲ့လည်း အသုံးပြုနိုင်ပါတယ်။

Bluetooth ဖွင့်ထားပြီး ကိုယ်ကြိုက်တဲ့ Application တွေကို Speaker နဲ့ချိတ်ဆက်အသုံးပြုစေနိုင်တာမျိုး ဖြစ်ပါ တယ်။ ဂိမ်းတို့လို Application တွေကိုအသုံးပြုနေစဉ်လည်း သီချင်းနားထောင် နိုင်ပါတယ်။ မိမိဖုန်းကို စပီကာမှာ Docking လုပ်ထားစရာ မလိုပဲ ယင်း Bluetooth - Auris ကိုသာ Docking ချထားပြီးရင် အသုံးပြုလို့ ရပါပြီ။ ဒီတော့ ဖုန်းကိုလည်း ကိုယ်ကြိုက်တဲ့ အခြား Application တွေလည်း အသုံးပြုနိုင် အုံးမှာ ဖြစ်ပါတယ်။

Airus Bluetooth ကို မိတ်ဆက်ပြသပေးထားတဲ့ ဗီဒီယိုအား အောက်ပါ
လခ့်မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
----
http://www.youtube.com/watch?feature=player_embedded&v=R16ey5PawUA

Ref:TechSpace
Posted By Admin-KMO

By News of Myanmar

No comments:

Post a Comment