Tuesday 25 September 2012

ကိုယ်ဝန်ဆောင် အမျိုးသမီးများ တစ်ပတ် ၂၅ နာရီထက်ပို အလုပ်လုပ်ပါက ကိုယ်ခန္ဒာသေးငယ်သော ရင်သွေးလေးများ မွေးလာနိုင်

ကိုယ်ဝန်ဆောင် အမျိုးသမီးများ တစ်ပတ်လျှင် ၂၅ နာရီထက်ပို၍ အလုပ် လုပ်ပါက ကိုယ်ခန္ဓာသေးငယ်သော ကလေးငယ်များ မွေးဖွားလာနိုင်သည်ဟု သုတေသန တစ်ခုက ဖော်ပြသည်။ ယင်းသို့သော
ကိုယ်ဝန်ဆောင်မိခင်များမှ မွေးဖွားသည့် ကလေးများသည် ပုံမှန်ပျမ်းမျှရှိရမည့် ကိုယ်အလေးချိန်ထက် ပေါင်ဝက်ခန့် လျော့နည်းတတ်သည်ဟု အဆိုပါသုတေသန ရလဒ်က ဖော်ပြသည်။

ကိုယ်ဝန်ဆောင် အမျိုးသမီးများ လုပ်ငန်းခွင်ထဲတွင် ၎င်းတို့၏ ခြေထောက် များကို အသုံးပြုရသော အချိန်ပမာဏသည် ၎င်းတို့မွေးဖွားလာမည့် ကလေး ငယ်မျာ၏ အရွယ်အစားနှင့် ဆက်စပ်မှု ရှိနေကြောင်း သိပံ္ပပညာရှင်က စူစမ်းတွေ့ရှိခဲ့ကြသည်။ ထို့ကြောင့် စာသင်ကြားသည့် အလုပ်နှင့် ဈေးရောင်း သည့် အလုပ်များကို လုပ်သူတို့မှ မွေးဖွားလာမည့် ကလေးငယ် များမှာ ကိုယ်ခန္ဓာ သေးငယ်နိုင်သည့် ဖြစ်နိုင်ခြေများပါသည်။ ခန္ဓာကိုယ် လှုပ်ရှား မှုဖြင့် အလုပ် လုပ်ရသူများ၌ အချင်း (placenta) သို့ သွေးစီးဆင်းမှု လျော့နည်းသဖြင့် သန္ဓေသားသို့ အာဟာရဓာတ်များနှင့် အောက်စီဂျင်တို့ ရောက်ရှိမှု ပမာဏ နည်းသွားသောကြောင့် ယခုလို ဖြစ်ရခြင်းဖြစ်သည်ဟု သုတေသီများက ရှင်းပြသည်။

ရုံးလုပ်ငန်း၌ အချိန်ကြားမြင့်စွာ အလုပ် လုပ်ရသူများတွင်လည်း အလားတူ အကျိုးဆက်မျိုး အဘယ့်ကြောင့် ခံစားရသည်ဆိုသည်ကိုမှု သုတေသီ များလည်း မသိရှိကြပါ။ သို့သော် စိတ်ဖီစီးမှုကြောင့် ဖြစ်နိုင်သည်ဟု ခန့်မှန်း ကြသည်။ ခန္ဓာကိုယ် သေးကွေးသော သန္ဓေသားများသည် ကျန်းမာရေး ချို့တဲ့မှု မရှိကြသော်လည်း သင်ယူနိုင်စွမ်း အခက်အခဲများ ကြုံရသည့် သာဓကများလည်း ရှိသည်ဟု သုတေသီများက ပြောသည်။

နယ်သာလန်နိုင်ငံ ရော့တာဒမ်မြို့ တက္ကသိုလ်ဆေးသိပ်ပ္ပံဌာနမှ သုတေသီ များက ကိုယ်ဝန် ၇ လခွဲရှိနေသူ ကိုယ်ဝန်ဆောင် ၄၆၈၀ ဦးတို့အား သုတေ သနပြု လေ့လာခဲ့ရာမှ အထက်ပါ အချက်အလက်များကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

By Royal Hero Media

No comments:

Post a Comment