Friday 24 August 2012

ကချင်စစ်ပြေးဒုက္ခသည်များကို တရုတ်အာဏာပိုင်များ အတင်းပြောင်းရွေးခိုင်းနေ


ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော
တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်း
ရင်း တရုတ်နိုင်ငံအတွင်း ရောက်ရှိနေသည့်
စစ်ပြေးဒုက္ခသည်များအား တရုတ်အစိုးရ
 ဒေသဆိုင်ရာ

အာဏာပိုင်များကသြဂုတ်လတတိယအပတ်မှစတင်ကာ မြန်မာနိုင်ငံဖက်သို့ ပြန်လည်ပို့ဆောင်
လျှက်ရှိကြောင်း သတင်းရရှိပါသည်။

မြစ်ကြီးနားမြို့ရှိ ကချင်တိုင်းရင်းသား စစ်ပြေးဒုက္ခသည်များအား ကူညီစောင့်ရှောက်ပေးနေသူ အမျိုးသမီးတစ်ဦး၏ ပြောကြားချက်အရတရုတ်နိုင်ငံယူနန်ပြည်နယ် နောင်တောင်းခရိုင်အတွင်း ရောက်
ရှိနေကြသော စစ်ဘေးဒုက္ခသည်များအား သြဂုတ်လ(၁၅)ရက်နေ့မှ စတင်ကာ ၎င်းတို့နေထိုင်လျှက်ရှိသော စခန်းများမှ ထွက်ခွာကြရန် ဒေသအာဏာပိုင်များက လာရောက်ပြောဆိုခဲ့ကြသည်ဟု သိရှိရသည်။

"KIO က လက်ခံပြီး ဆောင်ရွက်ပေးနေတယ် ကြားပါတယ်။ ဒုက္ခသည်တွေကတော့ သူတို့မူရင်းနေရပ်နဲ့ နီးတဲ့နေရာမှာပဲ နေချင်ကြတယ်။ အခုဟာက မဖြစ်မနေပြောင်းရတာဖြစ်လို့ တစ်ချို့လည်း လနာ့ဇွပ်ဂျာကို လိုက်သွားကြတယ်။

 တစ်ချို့ကတော့ မန်ဝိန်းဖက်ပြောင်းတဲ့သူတွေလည်း ရှိတယ်လို့ ကြားပါတယ်။ အစက မိုးရာသီကုန်တဲ့အထိ နေခွင့်ပေးမယ်ပြောပြီး တရုတ်အာဏာပိုင်တွေက ချက်ချင်းပြောင်း
ခိုင်းတော့ အကုန်အခက်အခဲ ဖြစ်ကုန်တယ်။ ဒီဖက်မှာကလည်းနယ်မြေက မငြိမ်သေးဘူး။

 နှစ်ဖက်တပ်တွေ တိုက်နေကြဆဲပဲလေ။ ဒုက္ခသည်စခန်းလို့ ပြောပေမယ့် တရုတ်အစိုးရက ဘာမှ ကူညီဆောင်ရွက်ပေးတာမျိုး မရှိပါဘူး။

အန်တီကိုယ်တိုင် ၁၉၈၇လောက်က ပါဂျောင်စခန်းမှာနေခဲ့ဖူးတယ်။ တရုတ်အာဏာပိုင်တွေက
 နေ့တိုင်းလာ ကြည့်သလို အဲဒီနယ်မြေထဲမှာအလေ့ကျပေါက်နေတဲ့သစ်ပင်တွေကိုတောင်
 ရေတွက်ထားတာ။

 အမျိုးသမီးတွေ ထမင်းဟင်းချက်ဖို့ခုတ်တဲ့ သစ်ပင်ကအစ လျှော်ကြေးတောင်းတာ ခံခဲ့ရဖူးတယ်"ဟု အဆိုပါအမျိုးသမီးက ပြောပါသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် နောင်တောင်းခရိုင်တွင် ယန်လု၊ လောဝ်ဖိုင်၊ လုံဂရောက်၊ နားကောင်းကောင်၊ ခဒေါင်ပါနှင့် ငါနောင်ပါ စသည့်ကချင်ဒုက္ခသည်စခန်း(၆)ခုရှိပြီး စစ်ပြေးဒုက္ခသည် ၄၉၀၀ ၀န်းကျင်နေထိုင် လျှက်ရှိကြောင်းသိရသည်။

 သြဂုတ်လ ၂၂ရက်နေ့တွင်ယန်လုစခန်းနှင့် လောဝ်ဖိုင်းစခန်းများမှဒုက္ခသည်များ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

အဆိုပါဒုက္ခသည်များအားတရုတ်အာဏာပိုင်များကဘတ်စ်ကားများဖြင့်လနာ့ဇွပ်ဂျာစခန်းသို့ပို့ 
ဆောင်ပေးခဲ့ပြီး ၎င်းတို့၏ ပစ္စည်းများကို နယ်စပ်တံတားအထိ ကုန်တင်ကားကြီးများ ဖြင့်ပို့ဆောင်ခဲ့
သည်ဟု သိရပါသည်။

ELeven media group

ရွှေမြန်မာ

No comments:

Post a Comment