Friday 24 August 2012

မွေး-စား-နို့လုပ်ငန်းရုံးမှ အမှုထမ်း ၂၀၀ ကျော် နေပြည်တော်ပြောင်းရွှေ့ရမည့်ဒုက္ခ



ရန်ကုန်တိုင်း ဒေသကြီး၊  အင်းစိန်မြို့နယ်၊ ဘူတာရုံလမ်းရှိ မွေး-စား-နို့လုပ်ငန်းရုံးမှ အမှုထမ်း ၂၀၀ ကျော်ခန့်၏ လက်ရှိ ရင်ဆိုင်နေရသော နေပြည်တော် ပြောင်းရွှေ့ရမည့် ဒုက္ခ


          (၁၅.၈.၂၀၁၂)နေ့ နေပြည်တော် မွေး-စား-နို့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးရုံးမှ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ နိုင်ငံတော်သမ္မတထံတင်ပြချက်အရ နေပြည်တော်ရုံးသို့ အပြီးပြောင်းရွှေ့ ရမည်ဖြစ်၍ ဒုတိယအထွေထွေမန်နေဂျာများနှင့် အရာထမ်းများ၊ ခြံမန်နေဂျာများခေါ်ယူပြီး တိတ်တ ဆိတ်ပြောင်းရွှေ့ရေး စီစဉ်ကြပါတယ်။

          အရာထမ်းများမှ ၄င်းတို့လိုလားသောသူများအား  ပထမအုပ်စုအဖြစ်ခေါ်ယူသွားရန် ရန်ကုန်ရုံး တွင် ဒုတိယအုပ်စုထားပြီး မလိုလားသူများအား တတိယအုပ်စုအဖြစ် ခြံ/စက်ရုံ တွဲဘက်အဖြစ်ထား ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ အမှုထမ်းအသီးသီးမှတင်ပြသော်လည်း အစီအစဉ်အတိုင်း ဆောင်ရွက်သွား မည်ဖြစ်ပြီး နှစ်သိမ့်စကားသာ ပြောကြားကြားခဲ့ပါတယ်။ ပြောင်းရွှေ့ဝန်ထမ်းများအတွက် အိမ်ခန်းငှား ရမ်းနေထိုင်စားသောက်ရေးအဆင်ပြေစေရန် ရန်ကုန်ရုံးတွင်ဖယ်ရီအကြို/အပို့မရှိ၍ ပိုလာသော ဒီဇယ် များအားရောင်း၍ ရရှိငွေကိုသုံးစွဲမည်ဖြစ်ကြောင်းပြောကြားရာ ကျန်ရှိအမှုထမ်းများအပေါ် လူသားချင်း စာနာထောက်ထားမှုကင်းမဲ့ရာ ရောက်နေပါတယ်။ ခြံ/စက်ရုံတွဲဘက်အမှုထမ်းများအနေဖြင့် အရှုံးပြနေ သောလုပ်ငန်းဖြစ်ပြီး ပုဂ္ဂလိကပိုင်ပြုလုပ်ရန် ရှိသည့်အခြေအနေတွင် ဘ၀ဆက်လက်ရပ်တည်နိုင်တော့ မည်မဟုတ်ပေ။ လိုလားသူများအားခေါ်ယူပြောင်းရွှေ့ပြီး ကျန်အမှုထမ်းတွေဘာဖြစ်ကျန်ခဲ့ကျန်ခဲ့ ငါတို့ အတွက် အဆင်ပြေရင်ပြီးရော သဘောဖြင့်ထင်ရာစိုင်းလုပ်ကိုင်နေကြပါတယ်။

          (၂၃.၈.၂၀၁၂)နေ့ညနေတွင် ၀န်ထမ်းများအားတန်းစီစေပြီး ရုံးကြီးရှိဌာန(၆)ခုမှ အရာထမ်း၊ အမှုထမ်း (၂၂)ဦးသာပြောင်းရွှေ့ပြီး ကျန်အမှုထမ်းများလက်ရှိနေရာတွင်နေ၍ ခြံ/စက်ရုံတွဲဘက်ထား မည်ဖြစ်ကြောင်း၊ အဆင်ပြေပါက အသုတ်လိုက်ခေါ်မည်ဖြစ်ကြောင်း၊ အင်တာနက်တွင်ရေးသားမတင် ရန်လည်း ညင်သာစွာသတိပေး ခြိမ်းခြောက်ခဲ့ကြပါတယ်။

          အမှုထမ်း(၂၀၀)ကျော်နှင့် ၄င်းတို့၏မိသားစုများအနေဖြင့် စားဝတ်နေရေးမပြေလည်ဘဲ ခက်ခဲ စွာရုန်းကန်နေရသောကာလတွင် မိသားစုကွဲကာ စားအိုးကွဲ၊ သားသမီးများပညာရေး၊ သက်ကြီးရွယ်အို အမိအဘများအား စိတ်မချစွာဖြင့် ထားခဲ့ရမည့်အရေး စသည့်အရေးပေါင်းများစွာနှင့် ထုတ်ဖော်မပြော ပြနိုင်သော စိတ်ဝေဒနာများခံစားနေရပြီး အိုးပျက်အိမ်ပျက် ဘ၀ပါပျက်တော့မည့်အရေးဒုက္ခကြုံရမည့် အခြေအနေရောက်နေကြရပါတယ်။

          သတင်းမီဒီယာများမှတစ်ဆင့် နိုင်ငံတော်သမ္မတကြီးနှင့်နိုင်ငံတော်အစိုးရ၊ှ ပြည်သူနှင့်တစ်သား တည်းထပ်တူရှိနေသော ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များသို့ သိရှိစေပြီး အားကိုးရာ မဲ့သော အမှုထမ်းများအား ဖေးမကူညီစောင့်ရှောက်ပေးနိုင်ကြစေရန်အတွက် ရေးသားတင်ပြရခြင်းပင် ဖြစ်ပါတယ်။

သတင်း-ဟက်ကာလေး

သစ်ထူးလွင်

No comments:

Post a Comment