Wednesday 17 October 2012

CCleaner


ဟိုနေ့က ရုံးက ဘော်ဒါတစ်ယောက်က လာမေးတယ်...
သူ့ကွန်ပျူတာက အရမ်းလေးနေတယ်တဲ့...Mouse တစ်ခါရွေ့ ဖို့တောင် ၃ စက္ကန့်လောက် စောင့်နေရတယ်တဲ့...
ဆဲဆိုတာလည်း မိုးကိုမွှန်ရော...

ဒါနဲ့...ကျွန်တော်လည်း ဆရာလုပ်ပြီး CCleaner လေးသုံးကြည့်ပါလားလို့...
ကိုယ်တိုင် သူ့ကွန်ပျူတာမှာ install လုပ်ပေးလိုက်တယ်...
ရုံးဆင်းခါနီး သူကလာပြီး ကျေးဇူးတင်တယ်တဲ့...အခုလုံးဝ ကောင်းသွားပြီတဲ့...
ကဲ...လက်တွေ့နော်...
ဒီတစ်ခါ မိတ်ဆက်ပေးမှာက အဲ့ CCleaner Tools လေးတစ်ခုပါပဲ...
Free Download ဆွဲ သုံးလို့ရပါတယ်။
သူ့မှာက ယခုဆိုလျှင် Windows နဲ့ Applications တွေကို ရှင်းပေးယုံတင်မက...
Registry ကိုရှင်းပေးတဲ့ Registry Cleaner တို့၊
Software တွေကို uninstall လုပ်ပေးနိုင်တဲ့ Uninstall Tool တို့၊
ကွန်ပျူတာစစတက်ချင်းမှာ run တဲ့ Program တွေကို limit လုပ်နိုင်တဲ့ Startup Tool တို့၊
System Restore လုပ်နိုင်တဲ့ System Restore Tool တို့ ပါဝင်လာတာကိုတွေ့ရပါတယ်။
တစ်ပတ်တစ်ခါ သို့ သုံးခါလောက် သုံးကြည့်ပါ...ကြိုက်ကျမှာပါ။
Download လင့်တွေကတော့...

http://www.piriform.com/ccleaner/download/standard
http://download.cnet.com/CCleaner/3000-18512_4-10315544.html?part=dl-&subj=dl&tag=button

Software အကြောင်း အသေးစိတ်ဖတ်ချင်ရင်တော့...
http://www.piriform.com/
မှာဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

By Info Tech For Myanmar (IT4M)

http://www.facebook.com/techforeveryone009?ref=stream

No comments:

Post a Comment