Sunday 2 September 2012

Samsung Galaxy S3 မှာ ပါတဲ့ Music Player ကို တခြား Android ဖုန်းတွေမှာ ထည့်သုံးကြမယ်

အခုပြောမဲ့ music player လေးကတော့ Samsung Galaxy SIII မှာပါတဲ့

Music Player လေးပဲဖြစ်ပါတယ် ။ ဒီပလေယာလေးကိုကျနော်တို့ကတခြားစက်ရုပ်

ဖုန်းတွေမှာထည့်မှာဖြစ်ပါတယ် ။ ဒါကိုထည့်ဖို့ဖုန်းက အမြစ်တူးပီးသားဖြစ်ရပါမယ် ။

ဘယ်လိုထည့်ရမလဲဆိုတာကို ကျနော်အောက်နားမှာ ရှင်းပြထားပါတယ် ။ zip file
တွေကို flash လုပ်နေကျလူတွေအတွက်တော့သွင်းပုံသွင်းနည်း အကုန်ဖတ်ဖို့မလိုပါဘူး ။

ဒေါင်းထားတဲ့ဇစ်ဖိုင်ကို Recoverymode ထဲကနေ Flash လုပ်လိုက်ပါဆိုပီး တကြောင်းထဲပြောလိုက်ရင်အဆင်ပြေပါတယ် ။

ဒါကတော့လုပ်နေကျမဟုတ်တဲ့သူတွေအတွက် လုပ်ပုံလုပ်နည်းအဆင့်လေးတွေပါ ။

အောက်မှာပေးထားတဲ့ဇစ်ဖိုင် လင့်ကလေးကိုဒေါင်းပီး internal/external sd card ထဲကိုထည့်လိုက်ပါ ။



ပြီးလျှင် ဖုန်းကို Recovery mode ထဲသို့reboot လုပ်လိုက်ပါ ။ ထို့နောက် recovery mode ထဲတွင်

install zip from sd card —- choose zip from sdcard ( or ) choose zip from internal sdcard

ပီးလျှင်မိမိသိမ်းထားခဲ့သောနေရာကိုသွားပီး flash လုပ်လိုက်ပါ ။ flash လုပ်ပီးပါက back ပြန်သွားပီး

reboot system now ကိုနှိပ်ပါ ။

စက်ပြန်တက်လာပါက မိမိရဲ့ မူလ stoke music player နေရာတွင် Samsung Galaxy SIII ရဲ့

music player လေးနဲ့အစားထိုးပီးသားဖြစ်သွားပါလိမ့်မယ်။

ယခုကဲ့သို့အစားမထိုးမှီ မိမိရဲ့ မူရင်း music player ကို Root explorer သုံးပီး သိမ်းထားပေးစေချင်ပါတယ်။

ဒါမှ မိမိကြိုက်တဲ့အချိန် ပြန်ပီး မူလ ပလေယာကိုပြန်သွင်းနိုင်မှာဖြစ်ပါတယ်။

Root explorer ကိုအသုံးပြုပီး system/app/musicplayer.apk ကို ကော်ပီကူးပီး external or internal sdcard တနေရာရာတွင် သိမ်းထားပါ။

အကယ်ရွေ့ သွင်းလိုက်သော SIII player ကိုမကြိုက်ပါက သိမ်းထားသော musicplayer.apk ကို

system/app/ အောက်သို့ ပြန်ထည့်ပေးပီး ဖုန်းကို reboot လုပ်လိုက်ပါက မူလ player ပြန်ပီးရရှိပါမယ် ။

စက်ရုပ်ဖုန်းအကုန်လုံးမှာအလုပ်လုပ်မလုပ်တော့ကျနော်မသိပါဘူး ။ စမ်းကြည့်ပီး အဆင်ပြေတယ်ဆို ဖုန်းမော်ဒယ်လေးရေးပေးခဲ့စေချင်ပါတယ်

By Ko Thet Ko
Myanmar Mobile Applications Store

No comments:

Post a Comment