Saturday 1 September 2012

PlayStore မှ application apk file များကို ကွန်ပျူတာထဲသို့ တိုက်ရိုက် Download လုပ်ချင်သူများအတွက်


ပုံမှန်အားဖြင့် playstore က application တွေကို ကွန်ပျူတာထဲကိုတိုက်ရိုက်ဒေါင်းလုဒ် လုပ်လို့မရပါဘူး ။ ဖုန်းထဲသို့ သာ တိုက်ရိုက် install လုပ်ခွင့်ပေးပါတယ် ။ အခုပြောပြမဲ့
နည်းလမ်းကတော့ PlayStore မှ မိမိဒေါင်းလုဒ် လုပ်လိုတဲ့ application apk file ကို Google Chrome Browser နဲ့တွဲဖက်ပီး ကွန်ပျူတာထဲသို့ တိုက်ရိုက် ဒေါင်းလုဒ် လုပ်တဲ့နည်းလေး ဖြစ်ပါတယ် ။

ဒါကိုအသုံးပြုဖို့အတွက် Chrome Browser V17 နဲ့အထက် လိုအပ်ပါတယ် ။ စမ်းသပ်ချက်တွေအရ ဗားရှင်း ၂၁ မှာအလုပ်မလုပ်ဘူးလို့ သိရပါတယ် ။ ကဲ ဒေါင်းကြမယ်ဟေ့ကောင်းကောင်း ။

Step-1 open Chrome browser , Download and Install: APK Downloader 1.2.1

https://www.dropbox.com/s/pif61fq3lojox3e/1.2.1.crx

ဒီအဆင့်ကအရေးကြီးပါတယ် ။ ဒီအဆင့်မှားရင် လုံးဝအလုပ်မလုပ်ပါဘူး ။

Step-2 SSL error warnings ကို Disable လုပ်ရပါမယ်။

ပထမဦးစွာ  Chrome shortcut ကို Right click ထောက်ပီး “Properties”

ကိုနှိပ်လိုက်ပါ ။



ထို့နောက် Shortcut ဆိုတဲ့ Tab ကိုသွားပီး Target ဆိုတဲ့ box ထဲကိုသွားလိုက်ပါ ။

ထို့နောက် ထို box ထဲမှာ chrome.exe ရဲ့နောက်မှာ အောက်ပါစာကြောင်းလေးကို

ရေးထည့်ပေးပါ ။

[space]--ignore-certificate-errors[space]–allow-running-insecure-content

space ဆိုတာ စပေ့ဘားရိုက်ပါလို့ပြောတာပါ space ဆိုတဲ့စာလုံးထည့်ခိုင်းတာမဟုတ်ပါဘူး ။

ထိုသို့ထည့်လိုက်ပီးပါက အောက်မှာပြထားတဲ့အတိုင်းလေးဖြစ်နေပါမယ် ။

” ” ပါတာနဲ့ မပါတာနဲ့ ကိုသေချာသတိထားပေးပါ ။

C:\…\chrome.exe --ignore-certificate-errors –allow-running-insecure-content

သို့မဟုတ်

“C:\…\chrome.exe” –ignore-certificate-errors –allow-running-insecure-content


အဲလိုပြင်ပီး OK ကိုနှိပ်လိုက်ပါ ။

Step-3 အဲလိုပြင်ပီးတာနဲ့ Google Chrome ကိုဖွင့်လိုက်တဲ့အခါ APK Downloader Options page

ပေါ်လာမှာဖြစ်ပီး ။ googleplay ကိုဝင်မဲ့ Email Address , Password , Device ID ကိုရိုက်ထည့်ပေးရပါမယ် ။ မိမိ င်္Device ID ကိုမသိရင် အောက်ကပေးထားတဲ့ appေ လးကို ဖုန်းထဲ ကို အင်စတောလုပ်ပီးကြည့်နိုင်ပါတယ် ။

https://www.dropbox.com/s/5dgvpu7dct89v7h/com.redphx.deviceid-1.apk

ဖြည့်စရာရှိတာတွေအကုန်ဖြည့်ပီးရင် Login လုပ်လိုက်ပါ ။ ဒါဆိုရင် apk downloader ကိုစတင်အသုံးပြုနိုင်ပီဖြစ်ပါတယ် ။

အသုံးပြုဖို့အတွက် ပထမဦးစွာ Playstore ကိုဖွင့်လိုက်ပါ ။ ပြီးလျှင် မိမိဒေါင်းလုဒ် လုပ်ချင်သော application ဆီကို ရောက်အောင်သွား လိုက်ပါ ။ ထိုအခါ Chrome ရဲ့ adress bar ကကြယ်ပွင့် လေးနား မှာ စက်ရုပ်ခေါင်းပုံ အစိမ်းရောင်လေးပေါ်လာပါလိမ့်မယ်။ အဲဒါကိုနှိပ်လိုက်ပါက ကွန်ပျူတာထဲသို့ အော်တို တန်းဒေါင်းသွား မှာဖြစ်ပါတယ် ။

ကျနော်စမ်းသပ်ပီးဖြစ်ပါတယ် ။ အားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်။

Thet Ko

By Myanmar Mobile Appication Store

No comments:

Post a Comment