Wednesday 29 August 2012

ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား စွဲချက်တင်ဖို့ စုံစမ်းရေး စစ်ဆေးရေး အဖွဲ့ ဖွဲ့ စည်း


အမျိုးသား လွှတ်တော် ဥက္ကဋ္ဌမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသို့ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား စွဲတင်ပေးပို့သည့် သ၀ဏ်လွှာအရ
ပြည်သူ့ လွှတ်တော်မှ အမိန့်ကြေညာစာ အမှတ် ၁/၂၀၁၂ ဖြင့်
စုံစမ်းစစ်ဆေးရေး အဖွဲ့အား ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

အဆိုပါစုံစမ်းစစ်ဆေးရေးအဖွဲ့သည် အမိန့်ထုတ်ပြန်ပြီးသည့်အချိန်မှ စ၍ စုံစမ်းစစ်ဆေးမှုကို စတင်ဆောင်ရွက်ရမည်ဖြစ်သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်နှင့် ဦးဝင်းထိန်းတို့ အပါအ၀်င အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း 7Day News ဂျာနယ်၏ လွှတ်တော်သတင်းထောက်က သတင်းပေးပို့သည်။

7Day News Journal

သစ်ထူးလွင်

No comments:

Post a Comment