Monday 27 August 2012

ဝါယာရှောစ့်ကြောင့် ဗိုလ်တစ်ထောင်ရှိ ပိုက်ကွန်ဂိုဒေါင်မီးလောင်


ယနေ့ နံနက် ၇နာရီ၄၀မိနစ် အချိန်က
ဗိုလ်တစ်ထောင်မြို့နယ်၊( ၃ )ရပ်ကွက်ဗိုလ်
တစ်ထောင် ဈေးလမ်းရှိ လူနေတိုက်ခန်း
တစ်ခု၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း
သိရသည်။


ထိုမီးလောင်မှုမှာ အဆိုပါလမ်းအတွင်း အမှတ်၉၀ရှိ ၆ထပ်တိုက်မြေညီခန်း၌ ပိုက်ကွန်ဂိုဒေါင် အဖြစ်အသံ...
ုးပြုထားသော တိုက်ခန်းတွင် ဒါးမိန်းအပူလွန်ကဲ၍ ရှော့စ်ဖြစ်ရာမှ မီးစတင်လောင် ခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မီးလောင်မှုကြောင့် ငြမ်းဆင်ရာတွင် အသုံးပြုသော ပိုက်ကွန် ( ၈ )ပေခန့် ၊ ဒါးမိန်း ( ၁ )ခုနှင့် ၀ါယာကြိုးအနည်းငယ် မီးလောင်ပျက်စီးခဲ့ပြီး ငွေကျပ်တစ်သောင်းခန့်ဆုံးရှုံးခဲ့ကြောင်း နှင့် ထိုတိုက်ခန်းအားဌာရမ်းထားသူအပေါ် ဗိုလ်တစ်ထောင် ရဲစခန်းမှ ( ပ )၁၉၄ / ၂၀၁၂ ၊ပုဒ်မ
( ၂၈၅ )ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။

PopularNews

ရွှေမြန်မာ

No comments:

Post a Comment